
နေပြည်တော် စက်တင်ဘာ ၁၅
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူ ရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၁၄ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက်၊ ဇေယျာသီရိမြို့နယ် အေးမြရွှေပြည်ကျောင်းတိုက်၊ မစိုးရိမ်ကျောင်းတိုက်၊ နန်းဦးကျောင်းတိုက်၊ ပျဉ်းမနားမြို့နယ် သန္တရာမ သီလရှင်စာသင်တိုက်၊ ဇေယျာရာမသီလရှင် စာသင် တိုက်၊ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့ ကုန်းပင်းကျောင်းတိုက်၊ မွေတော်ပရိယတ္တိ စာသင် တိုက်နှင့် လွိုင်နွဲ့ကျောင်းတိုက်၊ ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့ ထမ်ခေါင်ကျားခေါင်းဂူ ကျိုက်ထီးရိုးတောရကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ မင်္ဂလာရိပ်သာတောရကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် (၂/က) ရပ်ကွက်ရှိ စက္ကဝဠာကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာကန်ပတ်လည် ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွား ရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ ဟိုပိတ်ကျောင်းတိုက်နှင့် ကောင်းကျဲကျောင်းတိုက် များရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလ ရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်