
အစီအစဉ်မှူး။ ။ ဆေးလိပ်သောက်ခြင်းနဲ့
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား နိုင်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ
ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံ မေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ဖြေကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။ ။ ပထမဆုံးအနေနဲ့
ကိုဗစ် - ၁၉ ဖြစ်ပွား တဲ့သူတွေမှာ ဆေးလိပ်က ဘယ်လောက်အထိ ထိခိုက်နိုင်တယ်ဆိုတာကို WHO ရဲ့ စက်တင်ဘာ ၃ ရက် Tobacco and COVID -19 ခေါင်းစဉ်နဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ဆွေးနွေးမှာဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး ဆေးလိပ်သောက်သူ တွေမှာ ကိုဗစ် - ၁၉ ဖြစ်ရင် ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်နိုင်သလဲဆိုတာကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကျွမ်းကျင်ပညာရှင် Dr. Hebe က ဖြေကြားပေးထားပါတယ်။
အဓိကက ဆေးလိပ်သောက်သူတွေမှာ ကိုဗစ် - ၁၉ ဖြစ်ရင် မသောက်သူတွေထက် ၅၀ ရာခိုင်နှုန်းပိုပြီး ပြင်းပြင်းထန်ထန်ဝေဒနာခံစားရ တယ်ဆိုတဲ့ သက်သေအထောက်အထားတွေရှိပြီး ဖြစ်ပါတယ်။ ရောဂါဝေဒနာဆိုးဆိုးရွားရွားခံစားရနိုင်သလို ဆေးရုံတက်ရောက်ရမှု၊ အထူးကြပ်မတ် ကုသဆောင်ထဲကို ရောက်ရှိနိုင်မှုလည်း များပါ တယ်။ အသက်ရှူအားကူစက်တွေတင်ရတဲ့ အရေ အတွက်လည်းများပါတယ်။ သေဆုံးမှုလည်း
များတယ်လို့ပြောထားပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဆေးလိပ် သောက်ခြင်းက ပြည်သူ့ကျန်းမာရေး ပြဿနာ တွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ် ရောဂါတွေဖြစ်စေနိုင်တယ်။ အထူးသဖြင့် နာတာရှည်အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာလို ကင်ဆာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် ကိုဗစ် - ၁၉ ရောဂါ ကို ပိုမိုဆိုးစေပြီး တန်ဖိုးရှိလှတဲ့ လူ့အသက်ပေါင်း များစွာကိုလည်း ခြွေချနိုင်တဲ့ အစွမ်းတွေရှိနေ ပါတယ်။
အစီအစဉ်မှူး။ ။ ဆေးလိပ်သောက်သူတွေက
ကိုဗစ် - ၁၉ ဖြစ်ပွားပြီဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။
ဒေါက်တာခင်ခင်ကြီး။ ။ ဆေးလိပ်က အတော့်
ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ၂၀၁၆ ခုနှစ်မှာ WHO က လူငယ် တွေ ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး ပြုလုပ် ထားတဲ့ Global Youth Tobacco Survey ဆိုတာ ရှိပါတယ်။ ဒီလေ့လာချက်အရဆိုရင် မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးမှုပေါင်းက ၄၃၀၀၀၀ ရှိတယ်လို့ တွက်ချက်ထားပါတယ်။ ဒါ့အပြင် မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားမှုရဲ့ ၆၈ ရာခိုင်နှုန်းသည် ဆေးလိပ်နှင့်ဆေးရွက်ကြီး ကြောင့်၊ အထူးသဖြင့် ဆေးလိပ်သောက်သုံးခြင်း ကြောင့် ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ STEPS survey မှာ ယောက်ျားတွေ ဆေးလိပ် သောက်သုံးမှုက ၄၃ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး တွေက ၈ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ ကွမ်းစားတာ၊ ဆေးရွက်ကြီးငုံတာက ယောက်ျားတွေမှာ ၆၂ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာ ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ ဒါဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အန္တရာယ်က ပေါ့ဆလို့မရတဲ့အနေအထားမှာရှိပါ တယ်။ ကျောင်းသား ကျောင်းသူတွေမှာ ၁၀ ယောက် မှာ ၃ ယောက်က ဆေးလိပ်ရဲ့အန္တရာယ်တွေကို
ရင်ဆိုင်နေရတဲ့အခြေအနေရှိနေတယ်လို့ ဖော်ပြထား တာလည်းတွေ့ရပါတယ်။
ဆင့်ပွားခံစားရနိုင်
နောက်ပြီး မိသားစုတွေမှာ ဆေးလိပ်သောက်သူ တစ်ယောက်ရှိရင် သူ့မိသားစုဝင် သုံးယောက်က ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်သောက်သူ နည်းတူ ဆေးလိပ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ အန္တရာယ်ကို ဆင့်ပွားခံစားရနိုင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ Stay at Home လုပ်ကြတယ်။ စိတ်အပန်းဖြေဖို့အကြောင်းပြပြီး ဆေးလိပ်တွေပိုသောက်လာကြတယ်။ ဒါ့အပြင် ကွမ်းယာဆိုင်တွေလည်း ရှိနေပါတယ်။ ဒါတွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တွေက ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းကျောင်းဖို့လိုပါတယ်။ ကွမ်းယာစားပြီး တံတွေးတွေကို နေရာအနှံ့
ထွေးမယ်ဆိုရင် ရောဂါပိုးကူးစက်ဖို့အတွက် အခွင့် အလမ်းရမှာဖြစ်ပါတယ်။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲသူတွေဟာ ကိုဗစ် - ၁၉ ခံစားရရင် ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်စေ နိုင်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါအချိန်မှာ နိုင်ငံတိုင်းက Stay at Home လုပ်တယ်။ Lock down တွေလုပ် တယ်။ ဒီလိုလုပ်ဆောင်နေပေမယ့် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်လုပ်တဲ့သူတွေက ဈေးကွက် အသစ်တွေကို ရှာဖွေလာကြပါတယ်။ ဒီလိုရှာဖွေလာ တဲ့အခါ သတင်းအမှားတွေကို ကြော်ငြာထဲမှာ ထည့်သွင်းပြောလာကြပါတယ်။ ဥပမာပေးရရင် “Stay at Home အချိန်မှာ သင့်ရဲ့စိတ်ပင်ပန်းမှု တွေကို ဖြေဖျောက်ဖို့ ဆေးလိပ်သောက်ပါ၊ စိတ်ကူး ဉာဏ်တွေ ကွန့်မြူးလာဖို့ ဆေးလိပ်သောက်ပါ” စသဖြင့် ကြော်ငြာလာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုကြော်ငြာသလို အခြားတစ်ဖက်ကလည်း ဈေးကွက်ဖြန့်ဖြူးရေး နည်းစနစ်အသစ်တွေကို လုပ်လာပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့်
သုံးစွဲသူရဲ့လက်ဝယ်ကို လွယ်လွယ်ကူကူနဲ့
ရောက်အောင်လုပ်ပါတယ်။ ပုံမှန်အားဖြင့် Stay at Home လုပ်တယ်။ Lock down တွေလုပ်တယ် ဆိုတော့ အပြင်မထွက်ရတဲ့အတွက် ဆေးလိပ် သောက်ဖို့အခွင့်အလမ်းက နည်းသွားတယ်။ ဝယ်ယူဖို့မလွယ်ဘူး။ သို့သော် ဒီလိုဈေးကွက် ဖော်ဆောင်ရေး၊ ဖြန့်ဖြူးရေး နည်းစနစ်အသစ် တွေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် တစ်ခါ တလေမှာ အသက်မပြည့်သေးတဲ့ ကလေး တွေတောင် သူတို့ရဲ့ဈေးကွက်ရှာဖွေမှုမှာ သားကောင်ဖြစ်ပြီး ဆေးလိပ်စမ်းသပ်သောက်သုံး မိတာ၊ အလွယ်တကူ သောက်သုံးမိတာ ဖြစ်နိုင်ပြီး အရင်က သောက်သုံးနေတဲ့သူတွေကလည်း ပိုသောက်မိတာတွေ ဖြစ်စေနိုင်ပါတယ်။
ဈေးကွက်ရှာဖွေလာကြ
နောက်တစ်ခုက ဆိုရှယ်မီဒီယာမှာ Stay at Home ကာလ အထိမ်းအမှတ်အဖြစ် ဆေးလိပ် ရောင်းဈေးကို အထူးလျှော့ဈေးရောင်းချပေးတာမျိုးတွေ လုပ်ဆောင်တာမျိုးတွေရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်အစားထိုး Electronic cigarette သောက်ခြင်းကိုလည်း တစ်ဖက်က ဈေးကွက်ရှာဖွေလာကြပါတယ်။ Electronic cigarette သောက်ခြင်းက အန္တရာယ်မရှိပါဘူး၊ သင့်ရဲ့အဖော်မွန်ကောင်းဖြစ်ပါတယ် စသဖြင့် ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ရှာဖွေ တာမျိုးတွေ ရှိပါတယ်။ ယခု ကိုဗစ် - ၁၉ ကမ္ဘာ့ ကပ်ရောဂါနဲ့ရင်ဆိုင်နေရချိန်မှာ ဈေးကွက်ရှာဖွေမှု ပုံစံအသစ်တစ်မျိုးနဲ့ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီး အသက်ရှူအားကူစက်၊ PPE ဝတ်စုံ၊ Mask တွေကို သူတို့ရဲ့ ကုန်အမှတ်တံဆိပ် Logo တွေ ရိုက်နှိပ်ပြီး ကြော်ငြာတာမျိုးလည်း လုပ်လာကြပါတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကမ္ဘာ တစ်ဝန်း တစ်နှစ်ကို လူပေါင်း ရှစ်သန်းသေစေနိုင်တဲ့ အတွက် ဒီလိုဈေးကွက်ရှာဖွေမှုတွေကို အထူး သတိပြုပြီး ရှောင်ရှားနိုင်ဖို့လိုပါတယ်။
အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွား
နေတဲ့ ကာလမှာ ဆေးလိပ် သောက်သုံးမှုတွေ များပြားလာရခြင်း၊ ဆေးလိပ် ကုမ္ပဏီတွေရဲ့ ဒီလိုဈေးကွက်တွေ ရှာဖွေလာရခြင်း အပေါ် သုံးသပ်ချက်ကိုလည်း သိချင်ပါတယ်။
ဒေါက်တာခင်ခင်ကြီး။ ။ယခု အချိန်မှာ
တော်တော်များများ သောလူတွေက ဆေးလိပ်ဖြတ်ဖို့ ဆန္ဒရှိလာ ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တတိယလှိုင်းစဖြစ်ချိန် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်ကစပြီး ၃ လအတွင်း လေ့လာချက်အရ သေဆုံးသူတွေက လူလတ်ပိုင်းတွေ သေဆုံးတာ များလာပြီး နောက်ခံရောဂါရှိခြင်း၊ မရှိခြင်းကို ကြည့်မယ်ဆိုရင် သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်း သည် နောက်ခံရောဂါမရှိတာကို တွေ့ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက အသက်ကြီး သူတွေ သေဆုံးတာများပြီး သေဆုံးသူရဲ့ ၈၀ ရာခိုင်နှုန်းသည် စာမျက်နှာ ၁၇ သို့ ZZ စာမျက်နှာ ၁၆ မှ
နောက်ခံရောဂါရှိတာကို တွေ့ရပါတယ်။ ဒါဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းရဲ့
ခြားနားချက် ဖြစ်ပါတယ်။နောက်ခံရောဂါမရှိသူတွေတောင်မှ တတိယလှိုင်းမှာ ‘ဒယ်လ်တာ’ဆိုတဲ့ ဗီဇပြောင်းပိုးကြောင့် သေဆုံးမှု၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှုတွေ၊ ရောဂါ ပြင်းထန်မှု၊ သေဆုံးမှုတွေ များလာတာဖြစ် ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အတွေးမမှား စေချင်ပါဘူး။ ဆေးလိပ်ဖြတ်ဖို့ အချိန်အခါကောင်း ဖြစ်ပြီဆိုတာ ပြောလိုပါတယ်။
ဆေးလိပ်ဖြတ်လိုက်လို့ မိနစ် ၂၀ကြာတာနဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေက ကောင်းမွန် လာတာတွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂နာရီ ကြာရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ် အတောက်တွေဖြစ်တဲ့ ကာဗွန်မိုနောက်ဆိုက်ရဲ့ ပမာဏက လျော့နည်းသွားပြီး ပုံမှန်အတိုင်း
ပြန်ရောက်လာပါတယ်။ ခန္ဓာကိုယ်က ကာဗွန် မိုနောက်ဆိုက်တွေကို ပြင်ပကလေထုထဲမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ဖလှယ်ရပါတယ်။ ဆေးလိပ်ဖြတ် လိုက်ခြင်းအားဖြင့် အဆုတ်ရဲ့ လုပ်ငန်းဆောင်တာ ပိုကောင်းလာပြီး အောက်ဆီဂျင်နဲ့ဖလှယ်မှုတွေ အားကောင်းလာတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေဖြစ်စေတဲ့ ကာဗွန်
မိုနောက်ဆိုက် ပမာဏက ကျဆင်းသွားတယ် ဆိုတာ နေ့တစ်ဝက်နဲ့တင် သိသာနိုင်ပါတယ်။
ရက်သတ္တနှစ်ပတ်က ၁၂ပတ်(၃လ)အတွင်းမှာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ သွေးလှည့် ပတ်မှုက ကောင်းမွန်လာတာကို တွေ့ရပါတယ်။
ဆေးလိပ်ဖြတ်ပြီး ၁ နှစ် မှ ၄ နှစ်ကြာရင်
ဆေးလိပ်သောက်သူနဲ့ နှိုင်းယှဉ်ရင် မသောက်သူမှာ သေဆုံးနိုင်မှု ထက်ဝက်တိတိ ကျဆင်းသွား တယ်ဆိုတာ သိနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ဘယ်အချိန်အကောင်းဆုံးလဲဆိုရင် ချက်ချင်း
ဖြတ်လေ ကောင်းလေဖြစ်ပါတယ်။ မိမိတင်မကဘူး မိသားစုဝင်တွေကိုပါ ဆေးလိပ်ကြောင့်ဖြစ်စေတဲ့ အန္တရာယ်ဖြစ်မှုတွေက ကာကွယ်ပေးနိုင်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းအောင် Stay Safe နေမယ်။ ကျန်းမာအောင် Stay Healthy နေမယ်။ သိပ္ပံပညာ နဲ့ သုတေသနတွေ့ရှိချက်တွေကို ယုံကြည်ပြီး လိုက်နာဖို့အထူးလိုအပ်တယ်လို့ ပြောလိုပါတယ်။
အစီအစဉ်မှူး။ ။ ဆေးလိပ် သောက်ခြင်းနဲ့
ကိုဗစ် - ၁၉ ဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
ဒေါက်တာခင်ခင်ကြီး။ ။ အပေါင်း အသင်း
ကြောင့်ပဲ ဖြစ်ဖြစ်၊ စိတ်ဖျော်ဖြေရာပဲဖြစ်ဖြစ်၊ စမ်းသပ်ချင်လို့ပဲဖြစ်ဖြစ် ဆေးလိပ်သောက်တာများပါတယ်။ ဆေးလိပ် သောက်မှ ခေတ်မီတယ်၊ လူရာဝင်တယ်၊ အပေါင်း အသင်းဆံ့တယ် စသဖြင့် အတွေးမှားပြီး သောက်တာ တွေ ရှိနိုင်ပါတယ်။ ဆေးလိပ်တင်မကပါဘူး။ ကွမ်းစားခြင်းကလည်း ထပ်တူအန္တရာယ်များပါတယ်။ ကမ္ဘာတစ်ဝန်းမှာ မကူးတတ်သောရောဂါတွေကြောင့် ဖြစ်ပွားသေဆုံးမှုဟာ WHO ကထုတ်ပြန်တဲ့ ၂၀၀၈ ခုနှစ် ထုတ်ပြန်ချက်အရ တစ်နှစ်ကို ၃၆ သန်း ရှိပါ တယ်။ ဒီလိုသေဆုံးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းသည် မကူးစက်တတ်သော ရောဂါတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုသေဆုံးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဖြစ်တယ်ဆိုတာ သိရပါတယ်။
ဆေးလိပ်သောက်သူရဲ့ အဆုတ်ကို ခွဲကြည့် လိုက်မယ်ဆိုရင် ကတ္တရာစေးလို မည်းနေပြီး ဆေးလိပ်မသောက်သူရဲ့အဆုတ်က ပန်းရောင် ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအဆုတ်က မည်းနေတဲ့သူမှာ ပြင်ပက သန့်ရှင်းတဲ့လေကို ဘယ်လိုရှူရှိုက်ပြီး ခန္ဓာကိုယ်ထဲက ပြန်ထုတ်ရတဲ့ အဆိပ် အတောက် ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန် မိုနောက်ဆိုက်ဓာတ်တွေကို ဘယ်လိုလဲလှယ် နိုင်မလဲ။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆိပ် အတောက်တွေနဲ့ မီးမြှိုက်သလိုဖြစ်ပြီး လောင်ကျွမ်း ခံမှာလဲ။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစား ခြင်း၊ ဆေးရွက်ကြီးငုံခြင်း စတဲ့အကျင့်တွေကို အမြန်ဆုံး ဖြတ်တောက်ဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တယ်။ မကူး စက်နိုင်တဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားတဲ့နှုန်းကလည်း များနေပါတယ်။ ဒါကြောင့် ပြည်သူတစ်ယောက်စီ တိုင်းက ကျန်းမာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း ကျန်းမာရေးကောင်းမွန်မယ်။ ကျန်းမာနေတဲ့အတွက် မိသားစုအပေါ်ကိုလည်း
ဝန်ထုပ်ဝန်ပိုးမဖြစ်စေတော့ဘူး။ ကိုယ်တိုင် ကျန်းမာနေတဲ့အတွက် စီးပွားကောင်းစွာရှာနိုင်မယ်။ ဒီလိုကျန်းမာတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ရှိနေပြီဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ်။ ဒါဆိုရင် မြန်မာနိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ လူမှုအသိုက်အဝန်းတစ်ခုလုံးက ဆေးလိပ် မသောက်ဘူး။ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစား တာတွေ မလုပ်ဘူးဆိုရင် ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 'ဆေးလိပ်ဖြတ်ဖို့နှိုးဆော်'
ကမ္ဘာပေါ်မှာလည်း ဆေးလိပ်မသောက်ရေး အတွက် တိုက်တွန်းနှိုးဆော်တာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ရင် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့
ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆေးလိပ် ဖြတ်ဖို့ နှိုးဆော်နေတာတွေရှိပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီက ပါဝင်ဆောင်ရွက် ခြင်းအားဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါအတွက် အန္တရာယ်ကင်းတဲ့ အုပ်စု ထဲမှာ ပါဝင်သွားမယ်။ ချက်ချင်းဖြတ်၊ ချက်ချင်း အကျိုးရှိတဲ့အတွက် ဆေးလိပ်ဖြတ်ဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်တဲ့ကမ္ဘာကြီး အမြန်ဆုံးဖြစ်လာပြီး မြန်မာနိုင်ငံမှာလည်း ဆေးလိပ်သောက်သုံးမှု တွေကို လျှော့ချပြီး မကူးစက်တတ်သောရောဂါတွေ ဖြစ်ပွားမှုအန္တရာယ်က လျော့နည်းစေဖို့ တိုက်တွန်း လိုပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ ဆေးလိပ်ဖြတ်ဖို့ ချက်ချင်းလုပ်ဆောင် ဖို့လိုပြီဆိုတာ ထပ်လောင်းတိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။