ပုဂံဒေသသို့လာရောက်မည့် ခရီးသွားများ ဘေးကင်းလုံခြုံရေးအတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာ ဝန်ထမ်း ၁၅၆၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

 

ညောင်ဦး   စက်တင်ဘာ   ၁၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက်အထိ ၁၅၆၅ ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင် ပုဂံရုံးခွဲ ထံမှ သိရသည်။


ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာ ခန်းမ၌ စက်တင်ဘာ ၁၂ရက်နေ့အထိ ဟိုတယ်/တည်းခိုရိပ်သာများမှဝန်ထမ်း ၁၅၆၅ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ကာ ကျန်ရှိဟိုတယ် ဝန်ထမ်းများကိုလည်း  ဆက်လက်ထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန   ပုဂံရုံးခွဲမှ  လက်ထာက်ညွှန် ကြားရေးမှူး  ဦးမျိုးမင်းအောင်ထံမှ  သိရ သည်။


ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေး မှုဒေသသို့      လာရောက်လည်ပတ်မည့် ခရီးသွားပြည်သူများ၊ ပြည်ပဧည့်သည်များ အား ဘေးကင်းလုံခြုံသော ခရီးသွားကဏ္ဍ  အဖြစ်   ဖော်ဆောင်ပေးနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲလက်အောက်ရှိ ဟိုတယ်/တည်းခို  ရိပ်သာများနှင့် ခရီးသွားကဏ္ဍများတွင် ဝန်ဆောင်မှုပေးလျက်ရှိသော   ညောင်ဦး မြို့နယ် ပုဂံမြို့၊ ညောင်ဦးမြို့နှင့် ကျောက် ပန်းတောင်းမြို့နယ်ရှိ ဟိုတယ်/တည်းခို ရိပ်သာဝန်ထမ်းများ၊   ခရီးသွားသယ်ယူ ပို့ဆောင်ရေးအသင်းမှ       အသင်းသား အသင်းသူများ၊ စားသောက်ဆိုင်လုပ်ငန်း ရှင်များမှ အသင်းသား အသင်းသူများ၊ ဧည့်လမ်းညွှန်အသင်းမှ   အသင်းသား အသင်းသူများ၊ ခရီးသွားကုမ္ပဏီ ငါးခုမှ အသင်းသား အသင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ် သည်။    


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ် မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန  (ပုဂံရုံးခွဲ)  မှ ဦးဝင်းအောင်  (ဒုတိယညွှန်ကြားရေး မှူး)၊   ဦးမျိုးမင်းအောင်   (လက်ထောက်ညွှန် ကြားရေးမှူး)တို့၏     ပေါင်းစပ်စီစဉ်မှု၊  ကျန်းမာရေးဝန်ထမ်းများ၏   ကူညီအား ဖြည့်မှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၏  ကူညီဆောင် ရွက်ပေးမှုနှင့်အတူ ညောင်ဦးမြို့   Royal Palace ဟိုတယ်၊ BOB Balloon အဖွဲ့နှင့် သံတဲဟိုတယ်တို့မှ    ဝိုင်းဝန်းကူညီပံ့ပိုး ကြောင်း သိရသည်။


မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)