
ရသေ့တောင် စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများနှင့် အခြား လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် များကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင်အလှူရှင် ပြည်သူများက စုပေါင်းလှူဒါန်းသော အောက်ဆီ ဂျင်စက်မှာ ရသေ့တောင်မြို့သို့ စက်တင်ဘာ ၁၀ ရက်က ရောက်ရှိကြောင်း သိရသည်။
ထိုသို့ အောက်ဆီဂျင်စက်ရောက်ရှိ တပ်ဆင် နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင် လင်းထက်၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှု စစ်ဆေးကြပြီး စက်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယခုရောက်ရှိလာသည့် အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံ Puyang Ruide Pressure Vessel Co,Ltd မှ မှာယူတင်သွင်းခဲ့သည့် ကာလ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၅၀၀ တန်ဖိုးရှိပြီး ဦးဦးသန်းနိုင်(Than Naing&Family Construc-tion ကုမ္ပဏီ) မိသားစုက ငွေကျပ်သိန်း ၁၀၀ မတည်ပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ကို တပ်ဆင် ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်နိုင်ပါက တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး ၇၆ လုံးအထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူ များအတွက် အောက်ဆီဂျင် လိုအပ်ချက်များကိုအမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန် မကြာမီရက်ပိုင်း အတွင်း စတင်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဦးသန်းနိုင်ထံမှ သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)