
နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင် ဘာ ၁၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၄၉ ဦးနှင့် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ် ရန်လုံကျိုင်းတံတားမှ အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း သုံးဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင် ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၁၀၀ စုစု ပေါင်း ၂၀၉ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင် ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာ ရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါ စစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရ မည့် အထောက်အထား စာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို ရှင်းလင်းပြော ကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင် ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီး သီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များကို အဆင် ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်