မိုးနဲမြို့တွင် DU-12 စပါးမျိုးများကို အစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုး

မိုးနဲ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း    မိုးနဲ မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အစေ့ချကိရိယာ (Seeder)ဖြင့်  DU-12  စပါးမျိုး ခြောက်ဧကကို နောင်မြိုင်းကျေး ရွာအုပ်စုနှင့် နမ့်မော်ဆွမ့်ကျေးရွာ အုပ်စုတို့တွင်   စက်တင်ဘာ ၁၀ ရက်က ဆက်လက် စမ်းသပ်စိုက် ပျိုးလျက်ရှိကြောင်း သိရသည်။
နမ့်မော်ဆွမ့်ကျေးရွာအုပ်စုမှ တောင်သူတစ်ဦး၏  လယ်သုံးဧက နှင့်    နောင်မြိုင်းကျေးရွာအုပ်စုမှ တောင်သူတစ်ဦး၏   လယ်သုံးဧက တို့တွင် စမ်းသပ်စိုက်ပျိုးခြင်းဖြစ် ပြီး  DU-12   မျိုးစပါးကို  အစေ့ချ ကိရိယာဖြင့်    စိုက်ပျိုးရာတွင် နှစ်ရက်ကြာ  ရေစိမ်၍   အညှောက် ဖောက်ထားကာ    မျိုးစပါးစေ့၏ အစာပါးစပ်ပြူချိန်တွင် လယ်မြေ အတွင်းသို့ တိုက်ရိုက်ချ၍ စိုက်ပျိုး ရကြောင်း၊    အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် စပါးမျိုးပျိုးထောင် ရန်     အချိန်ကုန်သက်သာခြင်း၊ ပျိုးနုတ်ခြင်းနှင့်  ရွှေ့ပြောင်းစိုက် ပျိုးမှု သက်သာခြင်း၊ အလုပ်သမား ရှားပါးမှု အခက်အခဲကို ပြေလည် စေပြီး  လုပ်အားခသက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ကြောင်း  မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှူးက ပြောသည်။
မျိုးညွန့်ရွှေ(ပြန်/ဆက်)