
နေပြည်တော် စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် စောင့်ကြပ်ကြည့်ရှုရေးစင်တာ များဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ အဆိုပါစင်တာများ၌ ကျန်းမာရေးဝန်ထမ်းများ လိုအပ် လျက်ရှိသဖြင့် ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသားအရာရှိများက လာရောက်ပြီး ယာယီဆေးအကာကွယ်ပေးတာဝန်များကို ကူညီ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကူညီဆောင်ရွက်ပေးခဲ့သည့် ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသားအရာရှိများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့န့နက်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက သင်တန်းသားအရာရှိများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ သင်တန်းသားအရာရှိများကိုယ်စား သင်တန်းသားအရာရှိတစ်ဦးက လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်