
နေပြည်တော် စက်တင်ဘာ ၁၀
Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီသို့ အလှူငွေနှင့် Oxygen Concentratorများ လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Center တွင် ကျင်းပသည်။
အခမ်းအနားတွင် အလှူငွေများအား လှူဒါန်းရ ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ရှင်းလင်း ပြောကြားပြီး Oxygen Concentrator များ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ Bhone Pyae San (BPS Trading & Construction Co., Ltd ) မှ ဒေါက်တာညီညီထွန်းက ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းများ က အလှူငွေကျပ်သိန်း ၃၀ နှင့် ဒေါက်တာညီညီထွန်း+ ဒေါ်ဖြူသက်ခိုင် Bhone Pyae San(BPS Trading & Construction Co., Ltd ) မိသားစုမှ MICiTECH 10 L Oxygen Concentrator ၁၀လုံးအား ပေးအပ် လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရ ယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အလှူငွေကျပ်သိန်း ၃၀နှင့် Oxygen Concentrator များ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်