
သံတွဲ စက်တင်ဘာ ၉
သံတွဲခရိုင် ခုတင် ၁၀၀ ဆေးရုံ အတွင်းရှိ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဆောက် အအုံရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ အောက်ဆီဂျင် စက်ရုံကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့် ခရိုင် ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်က အောက်ဆီဂျင်စက်ရုံ တည်ဆောက် မှုနှင့် အောက်ဆီဂျင်များ ဖြန့်ဝေ သုံးစွဲမှုများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် အောက်ဆီဂျင်စက်ရုံနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု ပြီး လိုအပ်သည်များကို မှာကြား ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပေးအပ်လှူဒါန်းခြင်း ဖြစ်ပြီး တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၄၈ လုံး ထုတ်လုပ်နိုင်ပြီး အောက်ဆီဂျင် လိုအပ်သော ကိုဗစ်- ၁၉ လူနာများ အား အောက်ဆီဂျင်လုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ခရိုင် အတွင်းရှိ ဆေးရုံများကိုလည်း အောက်ဆီဂျင်လိုအပ်ပါက အချိန် မီ ဆောင်ရွက်ပေးရန် စီစဉ်ထားရှိ ပါကြောင်း၊ စက်ရုံဆောက်လုပ်မှု များကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောက် လုပ်ခြင်းဖြစ်ကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ပြော ကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)