ပြည်ပအဝတ်အထည်ဈေးကွက်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ အလုပ်အကိုင်အခွင့်အလမ်းပွင့်လန်းလာ

 

ရန်ကုန်  စက်တင်ဘာ   ၉


ကိုဗစ်-၁၉ ရောဂါကြောင့်   ကမ္ဘာ တစ်ဝန်းရှိ     အထည်ချုပ်လုပ်ငန်း များ     ကျဆင်းနေသော်လည်း ဥရောပတိုက်တွင်      ရောဂါ ကာကွယ်၊  ထိန်းချုပ်ရေး ဆောင် ရွက်မှုဖြင့်        အဝတ်အထည် ဈေးကွက်ဝယ်လိုအား     မြင့်တက် လာမှုကြောင့်     မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ   အလုပ် အကိုင်အခွင့်အလမ်း  ပွင့်လန်းလာ ကြောင်း သိရသည်။
အထည်ချုပ်  လုပ်သားများစွာ ဖြင့် လည်ပတ်ခဲ့သော ဒေသတွင်း နိုင်ငံအချို့မှ အထည်ချုပ်စက်ရုံ များ ပိတ်ထားချိန်၌ ထုတ်လုပ်မှု ကျဆင်းချိန်တွင် အဝတ်အထည် သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုနှင့် အတူ  ကိုဗစ်  တတိယလှိုင်းတွင် ဈေးကွက်     လိုအပ်ချက်အရ လည်ပတ်ခဲ့သော   အထည်ချုပ် စက်ရုံများမှ       လုပ်ငန်းရှင်များ အဆင်ပြေခဲ့ပြီး အလုပ်သမားများ လည်း    အဆင်ပြေလာခြင်း    ဖြစ် သည်။ 
မြန်မာနိုင်ငံတွင်      ယခင်က အထည်ချုပ်စက်ရုံပေါင်း     ၆၀၀ ကျော်ရှိရာ ယခုအခါ ၅၀၀ ခန့်ရှိ၍ ပုံမှန်ဖွင့်လှစ်ခဲ့သော   စက်ရုံများ ဆက်လက်       လည်ပတ်ခြင်းနှင့် ကုမ္ပဏီအချို့က    ထပ်မံ   ရင်းနှီး မြှုပ်နှံခြင်းတို့ဖြင့်    အထည်ချုပ် စက်ရုံများ  လုပ်ငန်းခွင်အဆင်ပြေ လျက်ရှိသည်။
“လက်ရှိ  သွင်းကုန်/  ထုတ် ကုန်ကဏ္ဍမှာ ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို သဘော ကျတယ်။ ပို့ကုန်/သွင်းကုန်မှာ ပိတ်ရက်မရှိဆောင်ရွက်ပေးမှုဟာ ကျွန်တော်တို့အတွက်   အဆင်ပြေ တယ်။ ပြီးတော့  နိုင်ငံတော်က စက်ရုံလုပ်သားတွေကို       ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးတာဟာ ဈေးကွက်ရဲ့  ယုံကြည်မှုကို ရစေ တာကြောင့် အထည်ချုပ်လုပ်ငန်း တွေ        ဆက်လက်လည်ပတ်ဖို့ စွမ်းအားကို     ဖြစ်စေပါတယ်။ ဒီကာလမှာ  စိန်ခေါ်မှုတွေ ရှိတာ ကြောင့်   နိုင်ငံတော်က   ကူညီ ဆောင်ရွက်ပေးမှု         အတိုင်း ဆက်လက် ကူညီဆောင်ရွက်ပြီး လုပ်ငန်းတွေ   ရပ်မသွားအောင် ဆက်လက်    ကူညီပေးစေလိုပါ တယ်။ ဘဏ်ကိစ္စတွေ အပါအဝင် ပေါ့။  ဥရောပမှာအဝတ်အထည်ဈေးကွက်ဝယ်လိုအား  မြင့်တက် လာမှုဟာ  ဒီက အထည်ချုပ်စက်ရုံ တွေ    အဆင်ပြေလာပါတယ်။ ကြုံတွေ့ရတဲ့ အခက်အခဲကို   နိုင်ငံ တော်နဲ့    လက်တွဲပြီး  ဆောင်ရွက် သွားမှာပါ”ဟု  မြန်မာနိုင်ငံ အထည် ချုပ်      လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက  ပြောသည်။
     ဈေးကွက် လိုအပ်မှုကြောင့် အထည်ချုပ်လုပ်ငန်းများ   ပိုမို လည်ပတ်ရန်    လိုအပ်လာသော် လည်း ကိုဗစ်-၁၉ရောဂါကြောင့် နိုင်ငံတကာ     သင်္ဘောလုပ်ငန်း များနှင့်   ဆိပ်ကမ်းများ   အလုပ် အကိုင်ထိခိုက်ခဲ့ပြီး ကုန်စည်များ ပို့ဆောင်ခ စရိတ်ကြီးမြင့်လာခြင်း၊ ကျန်းမာရေးအတွက်    ကုန်စည် ဝင်ရောက်ရန်/     ထုတ်လုပ်ရန် အကန့်အသတ်များရှိလာခြင်းနှင့် စက်ရုံလည်ပတ်ရန်   အခက်အခဲ များကို   စက်မှုလုပ်ငန်းများတွင် ရင်ဆိုင်ရလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ် လုပ်သား       လေးသိန်းကျော်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်လုပ်သား     သုံးသိန်း ခန့်၊    ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၌ စက်ရုံ လုပ်သား      တစ်သိန်းကျော်နှင့် နေပြည်တော်၊ မိတ္ထီလာ၊ ကျောက် ဆည်နှင့်မြို့အချို့တို့၌    စက်ရုံ အနည်းငယ်ရှိရာ   လက်ရှိတွင် ပြည်ပ အဝတ်အထည်ဈေးကွက် ဝယ်လိုအား          မြင့်တက်လာမှု ကြောင့် လည်ပတ်နေသော စက်ရုံ များ အဆင်ပြေလျက်ရှိ၍ အလုပ် သမားများလည်း အလုပ်အကိုင် အခွင့်အလမ်း   ပွင့်လန်းလျက်ရှိ သည်။    


 ညိမ်းသူ ( သတင်းစဉ်)
ဓာတ်ပုံ - ကနူး