ရသေ့တောင်မြို့နယ် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ပထမအကြိမ် စတင်ထိုးနှံပေး

ရသေ့တောင်      စက်တင်ဘာ  ၉
ရခိုင်ပြည်နယ်      ရသေ့တောင် မြို့နယ်၌        တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းများတွင် နေရပ်စွန့်ခွာ   ခိုလှုံနေကြသည့် အသက် ၄၅ နှင့်အထက် ဒေသခံ ပြည်သူများအား     ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ပထမ အကြိမ်     ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များတွင်  ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ် ဆေး    ပထမအကြိမ်    ထိုးနှံ ပေးရာတွင်      မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ  ကြီးကြပ်မှုဖြင့်  ကျန်းမာရေး    ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်   စည်းကမ်း ချက်များနှင့်အညီ    တစ်ဦးနှင့် တစ်ဦး  ခြောက်ပေအကွာ နေထိုင် စေခြင်း၊     နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အောက် ဆီဂျင်တိုင်းခြင်း၊ အချက်အလက် များ မှန်ကန်စွာရှိစေရေး စာရင်း ရေးသွင်းခြင်း   စသည့်လုပ်ငန်း များကို   ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးပြီး မိနစ် ၃၀ ခန့် နားနေပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်း သိရသည်။
အဆိုပါ  ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ရသေ့တောင်မြို့နယ် အတွင်း   သတ်မှတ်စုရပ်  ငါးခု၊ ဆေးထိုးနေရာ    ခြောက်နေရာ ရှိသည့်အနက်    အရှေ့မြောက် ရပ်ကွက်စုရပ်ရှိ    တိုက်ပွဲရှောင် ကယ်ဆယ်ရေး   စခန်းများဖြစ် သည့်  သာသနာ့ဗိမာန်၊  ပဋိပတ္တိ စည်ပင်ကျောင်း၊ ရွှေကျင်ကျောင်း၊ သီရိသောမာရုံကျောင်း၊ ရွှေပါရမီ ကျောင်း၊   ဓညဝတီကျောင်း၊ တေဇာရာမကျောင်း၊    ပညာပါရမီ ကျောင်း၊        ပြည်လုံးချမ်းသာ ကျောင်းနှင့်   ရပ်ကွက်အတွင်း နေရပ်စွန့်ခွာ   ခိုလှုံနေကြသည့် အသက်   ၄၅  နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၀၃ ဦး၊ အနောက် ပြင်   (မူဆလင်)  ကျေးရွာနှင့် ညောင်ပင်ကြီး(မူဆလင်)ကျေးရွာ ရှိ အသက် ၄၅ နှစ်နှင့်အထက်ရှိသူ  ၂၁၄ ဦး စုစုပေါင်း ၄၁၇ ဦးတို့အား ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ ပြီး ကျန်စုရပ်များတွင် စက်တင် ဘာ ၁၀ ရက်မှစ၍ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း   သိရ သည်။


အောင်စံထွန်း
(ပြန်/ဆက်)