အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီနေထိုင်ခွင့်ပေးထားသည့် အဆောက်အဦများနှင့်စပ်လျဉ်း၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် အသိပေးထုတ်ပြန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်     နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍  တိုင်းရင်းသားပြည်သူများနှင့်အတူ   လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင်  မလိုလားသော  အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ ယင်းကဖွဲ့စည်းထားသော NUG ၊ ယင်းကဖွဲ့စည်း သည့်   PDF နှင့်  ယင်းတို့၏   လက်အောက်ခံအဖွဲ့အစည်းများက နိုင်ငံတစ်ဝှမ်း ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ထိုသို့လုပ်ဆောင် ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း  တွေ့ရှိရပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သာဓကအားဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးစု အနောက်ကျေးရွာရှိ   အကြမ်းဖက်သမားများ  ငှားရမ်းထားသော နေအိမ်တစ်ထပ်တိုက်အတွင်းမှ    လက်နက်မျိုးစုံ   ၂၅  လက်၊ လက်ပစ်ဗုံး ၇၂ လုံး၊ ဖျူ့စ် ၇၁ ခု၊ ကျည်ဘောက်မျိုးစုံ ၁၄ ခု၊ TNT ယမ်း  ၁၅၆  တောင့်၊   ဒီတိုနေတာ   ၅၄၀  ချောင်း၊  ကျည်ခါးပတ် ၂ ခုအပါ ၄ ဘူး၊  ၁၂ ဘို့ကျည်(ယမ်းမပါ) ၂၇ တောင့်၊ (ယမ်းပါ) ၂၅ တောင့်၊ စက်လတ် ကျည်ခါးပတ်တွဲ ၃ ခု၊ ကျည်မျိုးစုံ ၃၂၈၅ တောင့်တို့အား ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ ထို့အတူ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၈ နာရီ၊ ၁၅ မိနစ်အချိန်တွင်  မန္တလေးတိုင်းဒေသကြီး၊   ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်းနှင့် ၁၁၁(E)လမ်းရှိ အကြမ်း ဖက်သမားများ    ငှားရမ်းထားသော    အိမ်အမှတ်  ၁၁၆/ဖ-၁၉ ၌ အကြမ်းဖက်သောင်းကျန်းသူများ   ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သောင်းကျန်းသူများမှ အဆိုပါ တိုက်ခန်းအတွင်းမှနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား ၆ ဦးသေဆုံးကာ အကြမ်းဖက်သမား ၈ ဦးအား  လက်နက်ခဲယမ်း၊  ဆက်စပ်ပစ္စည်း အများအပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် တွင် အင်းစိန်မြို့ပတ်ရထားသည် အလုံဘူတာနှင့် ပန်းလှိုင်ဘူတာကြား အရောက်၌  အဆိုပါရထားပေါ်တွင်   လုံခြုံရေးလိုက်ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား   အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့်    လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော လက်နက် ၄ လက်နှင့် ခဲယမ်းအချို့တို့ကို အကြမ်းဖက်လက်နက်ကိုင် အဖွဲ့က ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက်သော တရားခံများကို    စိစစ်ဖော်ထုတ်ချက်များအရ   ရန်ကုန်မြို့တွင်းရှိ နေအိမ်၊ တိုက်ခန်းများအား ကာလတို ငှားရမ်းပြီး ဖြန့်ခွဲနေထိုင်ခဲ့ကြ ကြောင်း တွေ့ရှိရပါသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူများသည် အကြမ်းဖက်မှုများကျူးလွန်နိုင်ရန်အတွက် ကြိုတင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတို ငှားရမ်းနေထိုင် ခဲ့ကြောင်း စုံစမ်းဖော်ထုတ်သိရှိခဲ့ရသည့်အတွက် နေအိမ်၊ တိုက်ခန်း ငှားရမ်းသူ အိမ်ရှင်များအနေဖြင့်လည်း မိမိတို့၏ နေအိမ်၊ တိုက်ခန်း များအား   ငှားရမ်းမည်ဆိုပါက   ငှားရမ်းနေထိုင်သည့်သူများနှင့် ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်း တိုင်ကြားရန်   တာဝန်ရှိသည့်အတွက်  ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊    အထောက်အထား   ပြည့်စုံစွာဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး များသို့  သတ်မှတ်ချက်များနှင့်အညီ  ဧည့်စာရင်းတိုင်ကြားရန်နှင့် မိမိငှားရမ်းထားသောသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိရ ပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီသတင်းပို့ အကြောင်း ကြားခြင်းဖြင့် အိမ်ရှင်များမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက နေအိမ်၊ တိုက်ခန်းများ ငှားရမ်း စဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက ငှားရမ်း သည့် ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာ တည်ဆဲ ဥပဒေအရ အရေးယူခံရမည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့် အမှုများနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်း ခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော် ဘဏ္ဍာအဖြစ်   သိမ်းဆည်းခံရမည်ဖြစ်ကြောင်း   အသိပေးအပ်ပါ သည်။ 


အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့