
ဘားအံ စက်တင်ဘာ ၉
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စက်တင် ဘာ ၉ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ရာ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် KNU/KNLA(PC) (ထို့ကော်ကိုး)နော်တယာဒေသ ပိုးစာပင်နှင့် နနွင်းစိုက်ခင်းခုနစ်ဧကသို့ ရောက် ရှိပြီး စိုက်ခင်းများအား လိုက်လံ ကြည့်ရှုအားပေးကာ ဒေသခံ တောင်သူများအား ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ထို့ကော်ကိုးဒေသ ဝင်းသူဇာအရောင်းဆိုင်၌ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန၏ ရေဘေးသင့် ဒေသများသို့ တိရစ္ဆာန်အစာများ ထောက်ပံ့သည့် အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က နဘူး တံခွန်တိုင်ကျေးရွာနှင့် နှစ်ခြား ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ များအား တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀ တန်ဖိုးရှိ တိရစ္ဆာန်အစာ အိတ် ၃၅ အိတ်ကို ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထို့ကော်ကိုးဒေသနှစ်သစ်ကူးကွင်း ၌ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)တပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေမှုကို ကြည့်ရှုအားပေး သည်။ (အပေါ်ပုံ)
ဆက်လက်၍ အဆိုပါနှစ်သစ် ကူးကွင်းတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ်မြို့နယ်ရုံးမှ One Stop Service စနစ်ဖြင့်နေ့ချင်းပြီး အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်မှုအား သွားရောက် ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ KNU/KNLA-PC ဥက္ကဋ္ဌ စောထော့ လေး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူး၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများ အား လက်ဝယ်အရောက်ပေးအပ် ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ KNU/KNLA-PC ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရေကြီး ရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ထို့ကော်ကိုးဒေသ လုံဖူးကလိုး ချောင်းကူးတံတားအား ကြည့်ရှု ခဲ့ပြီး တံတားသစ်တစ်စင်း တည် ဆောက်နိုင်ရေး တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှု၍ ပြန်လည် တင်ပြရန် မှာကြားခဲ့ကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်ဆက်)