ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေသည့် အသက် ၆၅ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

ကျောက်ဖြူ   စက်တင်ဘာ   ၈


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေကြသည့် အသက် ၆၅ နှစ်နှင့် အထက်ရှိပြည်သူများကို  ယနေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအား   ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။


ထိုးနှံခြင်း
အဆိုပါ IDPs စခန်းသို့   ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်း မှတ်တမ်း      ရေးသွင်းကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး  ကျောက်ဖြူမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ  ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ် တကျ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူ များသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။ 


ကာကွယ်ဆေး  ထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ ကျောက်ဖြူမြို့၊   ကျောက်တစ်လုံး IDPs စခန်းမှ 
ဒုတိယအဖွဲ့ခေါင်းဆောင်     ဦးကိုကိုအောင်က 
“ ကျွန်တော်တို့ ဒီကျောက်တစ်လုံး IDPs  Camp မှာ ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ဩဂုတ် ၈ နေ့က ၁၂ ယောက်ကို  ဒီ Camp ထဲမှာပဲ  ထိုးပေးခဲ့ ပါတယ်။   အခုလို အသက် ၆၅ နှစ်နှင့်အထက်ရှိသူ တွေကို ကာကွယ်ဆေးထိုးပေးသလိုပဲ နောက်ထပ် ဒီစခန်းမှာရှိတဲ့ အသက် ၁၈ နှစ်အထက်ရှိတဲ့အကျုံးဝင်တဲ့သူတွေကိုလည်း   ထိုးနှံပေးစေချင်ပါတယ်၊ ကူညီလုပ်ကိုင်ပေးတဲ့ စေတနာ့ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် အစိုးရကနေ ကျွန်တော်တို့ကို ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင်  ဒီကာကွယ်ဆေးတွေကို  ထိုးပေးတဲ့ အတွက်လည်း နိုင်ငံတော်အကြီးအကဲတွေကို အထူး ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။ 


ယုံကြည်မှုပိုမိုရှိ


ဆက်လက်ပြီး ကျောက်တစ်လုံး IDPs စခန်းရှိ ဆေးထိုးစုရပ်တွင်     စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့်  မယမင်းသူကလည်း “သမီးက ဒီစခန်းမှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာထိုးတဲ့သူတွေကို  ကူညီဆောင်ရွက်ပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ ပထမအကြိမ် ကာကွယ် ဆေးထိုးတုန်းက    မူးဝေဖျားနာခြင်းမရှိပါဘူး။  ဒုတိယအကြိမ်မြောက်   ကာကွယ်ဆေးကို  ထိုးပြီး သွားပြီဖြစ်လို့  မိမိကိုယ်ကို ယုံကြည်မှုပိုမိုရှိသွားပါ တယ်။   မိမိတို့ IDPs စခန်းကို   ဆေးလာရောက် ထိုးပေးတဲ့  ကျန်းမာရေးဌာနက ဝန်ထမ်းတွေနဲ့  ကာကွယ်ဆေးထိုးဖို့ချမှတ်ပေးတဲ့  နိုင်ငံတော်က အကြီးအကဲတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါ တယ်ဟု”ပြောသည်။ 


အဆိုပါ   ခိုလှုံရာစခန်းနေပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ်တွင် ပြည်သူ  စုစုပေါင်း ၂၄ ဦးအား ထိုးနှံပေးထားခဲ့ပြီး
ဖြစ်ကာ ဒုတိယအကြိမ်အဖြစ်  စက်တင်ဘာ ၂ ရက်တွင်  ၁၂ ဦးနှင့်   စက်တင်ဘာ ၈ ရက်တွင် ကိုးဦး  စုစုပေါင်း ၂၁ ဦးအား    ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


      ဇူလိုင်ကြယ်( ပြန်/ဆက်)