
နေပြည်တော် စက်တင်ဘာ ၈
ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ခြောက်ဦးအား အလုံဘူတာနှင့် ပန်းလှိုင်ဘူတာအကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ လက်နက် လေးလက်နှင့် ခဲယမ်းအချို့ကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ငါးဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
အစီအစဉ်များရေးဆွဲ
၎င်းဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းအကြမ်း ဖက်အဖွဲ့မှ နေလင်းထိုက်နှင့် ကျော်ဝင်းစိုးတို့သည် ဩဂုတ် ၈ ရက်နှင့် ၁၀ ရက်နေ့များတွင် မလွှကုန်းဘူတာမှ မြို့ပတ်ရထားအား စီးနင်း လိုက်ပါ၍ ကြိုတင်လေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ် ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁)ရပ်ကွက်၊ ဇေယျာဒီပ(၁)လမ်း၊ အိမ်အမှတ်(၁၅၀)၌ နေလင်းထိုက်က ဦးဆောင်၍ ရထားလုံခြုံ ရေး ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်လုပ်ကြံရန် အစီအစဉ်များရေးဆွဲခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဇော်ဂျီကလည်းကောင်း၊ မြေပုံရေးဆွဲနည်းပညာ အဖွဲ့တွင် ဇေယျာဖြိုးနှင့်ဒေါ်မြင့်(ခ)ပိစိတို့ကလည်းကောင်း၊ စောင့်ကြည့် ရေးအဖွဲ့တွင် ဆန်းမင်းအောင်၊ ကျော်ဝင်းစိုး၊ ကိုရှိုင်းတို့ သုံးဦးက လည်းကောင်း၊ မီးရထားစက်ခေါင်းမောင်း ထိန်းချုပ်ရေးအဖွဲ့တွင် နန္ဒ(ခ) ဂျာကြီး၊ ကိုမင်း၊ နှုတ်ခမ်းမွှေးတို့ကလည်းကောင်း၊ ပစ်ခတ်သတ်ဖြတ်ရေး အဖွဲ့တွင် နေလင်းထိုက်၊ ကိုဇော်၊ ရှမ်းလေး၊ အောင်ကြီး၊ ကျော်လေး၊ ကောင်းပြည့်စုံဦးတို့ကလည်းကောင်း၊ ယာဉ်မောင်းနှင် ပို့ဆောင်သူများ အဖွဲ့တွင် ကျော်ကျော်မင်း(ခ)ကျားလေး၊ နငယ်၊ ပိုးဥတို့ကလည်းကောင်း အသီးသီးဆောင်ရွက်ရန် တာဝန်ခွဲဝေခဲ့ပြီး မြတ်ဖြိုးပွင့်နှင့် ပုချေတို့က နောက်ကွယ်မှကူညီထောက်ပံ့ရန် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၄ ရက်တွင် စောင့်ကြည့်ရေးအဖွဲ့များက ရန်ကုန်မြို့ပတ် ရထားအား မလွှကုန်းဘူတာမှစတင်၍ ကိုရှိုင်းသည် အတွဲအမှတ်(၄)၌ လည်းကောင်း၊ ကျော်ဝင်းစိုးသည် အတွဲအမှတ်(၂)မှ လည်းကောင်း၊ ဆန်းမင်းအောင်သည် အတွဲအမှတ်(၃)မှလည်းကောင်း လိုက်ပါစီးနင်း ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အတွဲအမှတ်(၄)၏ အခြေ အနေအား ကြိုတင်လေ့လာခဲ့ကြောင်း၊ ထို့နောက် ဘုရားလမ်းဘူတာတွင် ၎င်းအဖွဲ့ဝင်များဆင်း၍ ပစ်ခတ်သတ်ဖြတ်မည့် အဖွဲ့ဝင်များဖြစ်သော ကောင်းပြည့်စုံဦး၊ ကျော်လေး၊ ဇော်ဂျီနှင့် အောင်ကြီးတို့က မြို့ပတ်ရထား ပေါ်သို့ တက်ရောက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသော အတွဲ အမှတ်(၄)တွင် ဖြန့်ခွဲနေရာယူခဲ့ကြောင်း၊ ပြည်လမ်းဘူတာတွင် နေလင်းထိုက်နှင့် ရှမ်းလေးတို့ ထပ်မံတက်ရောက်၍ စောင့်ဆိုင်းခဲ့ ကြောင်း၊ ရှမ်းလမ်းဘူတာတွင် ရထားမောင်းနှင်သူအား ထိန်းချုပ်မည့် အဖွဲ့မှ နန္ဒ၊ ကိုမင်း၊ နှုတ်ခမ်းမွှေးတို့ သုံးဦး တက်ရောက်ခဲ့ပြီး ရထား စက်ခေါင်းမောင်းအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ထိန်းချုပ်ခဲ့ကြောင်း၊ အလုံဘူတာနှင့် ပန်းလှိုင်ဘူတာကြားတွင် ပစ်ခတ်သတ်ဖြတ်ရေးအဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်၍ ၎င်းတို့ထံမှ သေနတ်လေးလက်ကို ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် ပန်းလှိုင်ဘူတာနှင့် အလုံဘူတာကြား၊ ရှင်စောပုလမ်းနှင့် ရထားလမ်းဆုံနေရာတွင် ရထားအရှိန်လျှော့ချ မောင်းနှင်ချိန်တွင် ဆင်း၍ ကောင်းပြည့်စုံဦး၊ နေလင်းထိုက်နှင့် ရှမ်းလေးတို့ သည် ရှင်စောပုလမ်း၌ အသင့်စောင့်ဆိုင်းနေသည့် ပိုးဥမောင်းနှင်သော ဟွန်ဒါစီဗစ်ယာဉ်ဖြင့်လည်းကောင်း၊ နန္ဒ၊ ကိုမင်း၊ နှုတ်ခမ်းမွှေး၊ ဇော်ဂျီ၊ အောင်ကြီးနှင့် ကျော်လေးတို့ ခြောက်ဦးသည် ဦးလူနီလမ်း၌ စောင့်ဆိုင်း နေသော ကျော်ကျော်မင်း မောင်းနှင်သည့် Filder ယာဉ်၊ ဝင်းထွဋ် မောင်းနှင်သော AD Van ယာဉ်များဖြင့်လည်းကောင်း အသီးသီးထွက်ခွာ ခဲ့ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်လျက်ရှိ
ဖြစ်စဉ်တွင် ရရှိခဲ့သည့် သေနတ်လေးလက်အား နေလင်းထိုက် က တိုက်ချွတ်ဆေးကြောနိုင်ရန်အတွက် မောင်ကျော်(ခ)ဖြိုးဇေယျာသော် (NLD ပါတီ၊ ၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိလွှတ်တော်ကိုယ်စားလှယ်ဟောင်း)ထံတွင် အပ်နှံခဲ့ကြောင်း၊ စက်တင်ဘာ ၁ ရက်တွင် ဂစ်တာအိတ် နှစ်လုံး အတွင်းထည့်ထားသည့် လက်နက်/ ခဲယမ်းများအား ဖြိုးဇေယျာသော် မှ စေလွှတ်လိုက်သော မွတ်စလင်လူမျိုး (အမည်မသိ)ထံမှ တာမွေမြို့ နယ် နန္ဒဂုဏ်ရည်လမ်း၌ ဆန်းမင်းအောင်နှင့် နငယ်တို့က ကမ်မရီယာဉ် ဖြင့် သွားရောက်ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် သုဝဏ္ဏမြို့နယ် ကမာ ကြည်လမ်းမတစ်နေရာတွင် ဇေယျာဖြိုး၊ မြတ်ဖြိုးပွင့်တို့နှင့် ချိန်းဆိုတွေ့ ဆုံခဲ့ပြီး မြတ်ဖြိုးပွင့် မောင်းနှင်လာသော ဟွန်ဒါစီဗစ်ကားအား နငယ် နှင့်အတူ ထားခဲ့ကြောင်း၊ ထို့နောက် ကမ်မရီကားဖြင့် လက်နက်/ခဲယမ်း များထည့်ထားသည့် ဂစ်တာအိတ် နှစ်လုံးအား ရန်ကုန်သစ်ရပ်ကွက်ရှိ မြတ်ဖြိုးပွင့် နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်း၊ လက်နက်/ခဲယမ်းများ ယူဆောင်နိုင်ခဲ့ခြင်းတို့ ကြောင့် အောင်ပွဲခံသည့်အနေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Golden Park တွင် ညစာစားပွဲအားပြုလုပ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ် မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော ကျော်ကျော်မင်း၊ နေလင်းထိုက်၊ ပုချေတို့မှာ KNLA တပ်မဟာ (၃)နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသည့် တရားခံများ အနက် ကောင်းပြည့်စုံဦးနှင့် ဇေယျာဖြိုးတို့၏ ဝန်ခံထွက်ဆိုချက်များအား ယခုလိုပဲ ကြားသိခဲ့ရပါတယ်-
ကျွန်တော့်နာမည်က ကောင်းပြည့်စုံဦး(ခေါ်) စိန်စိန်(ခေါ်) ခေါင်းဖြူ ဖြစ်ပါတယ်။ မှတ်ပုံတင် နံပါတ်ကတော့ ၁၂/မရက(နိုင်)၁၅၄၅၆၃ ဖြစ်ပါတယ်။ နေရပ်လိပ်စာကတော့ ၈၇(က) သူရဿတီလမ်း ၈ ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ ကျွန်တော် က ၂၀၁၆ ခုနှစ်မှာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး၏ လဝက ဝန်ကြီးဟောင်းဖြစ်တဲ့ ဒေါ်မိုးမိုးစုကြည်ရဲ့ ခင်ပွန်း ချိတ်ဆက် ပေးမှုနဲ့အတူ Royal Apple နဲ့ New Asia World တို့ကနေ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ မလေးရှားနိုင်ငံ မေရီသို့သွားပြီး မူလီရာအဘာရီ ကွန်တိန်နာ သင်္ဘောမှာ ခုနစ်လကျော် ရှစ်လခန့် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ကျွန်တော် ရန်ကုန်ရောက်ပြီး Quarantine ထွက်တော့ ရန်ကုန်မှာရှိတဲ့ ဆန္ဒပြပွဲတွေမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ကျွန်တော် ဆန္ဒပြဖူးတဲ့နေရာတွေကတော့ ကျောက်မြောင်း ကျားကွက်သစ်ရယ်၊ ပဒုံမာလမ်းရယ်၊ စမ်းချောင်းကျွန်းတောလမ်းတို့ရယ် ဖြစ်ပါတယ်။ အဲဒီ မှာ ဆန္ဒပြနေရင်းနဲ့ ကျွန်တော်နဲ့ အရင်ကတည်းက လူမှုကွန်ရက်ကနေ သိကျွမ်းခဲ့တဲ့ မမြတ်ဖြိုးပွင့်(ခေါ်) ဂျိုကာနဲ့ချိတ်ဆက်မိပြီး ကျွန်တော်တို့ ဆန္ဒပြပွဲတွေမှာ အတူတူရှိခဲ့ပါတယ်။
အဲဒီနေရာတွေမှတစ်ဆင့် မမြတ်ဖြိုးပွင့်(ခေါ်) ဂျိုကာရဲ့ အချိတ် အဆက်နဲ့ ကိုနေလင်းထိုက်ကို စတင်သိကျွမ်းခဲ့ပါတယ်။ ကိုနေလင်း ထိုက်နဲ့ Signal Application ကနေပြီး စကားပြောရင်း ကျွန်တော်တို့စစ်သင်တန်းသွားရောက်ဖို့ကို တိုင်ပင်ခဲ့ပါတယ်။ ကျွန်တော်တို့ Signal ကနေပြောပြီး ၂၁ ရက်နေ့ ည ၇ နာရီလောက်မှာ Golden Park မှာ ချိန်းပါတယ်။ စစ်သင်တန်းသွားတက်မည့် အစည်းအဝေးလုပ်ပါတယ်။ ၂၂ ရက်နေ့ မနက် ၅ နာရီမှာ ပဲခူးကို စထွက်ပါတယ်။ ညနေ ၅ နာရီ ဝန်းကျင်လောက် ရောက်ပါတယ်။ KNU ၏ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဂျိုးက လာကြိုပါတယ်။ နောက်နေ့မနက်မှာ KNU တပ်မဟာ ၃ တပ်ရင်း ၉ ရဲ့သင်ကြားရေးတွေထဲက စခန်းတစ်ခုပေါ်မှာ ကျွန်တော်တို့ကို သေနတ် အဖြုတ်အတပ် စသင်ပါတယ်။ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဂျိုးရယ်၊ ဗိုလ်ကြီး အဆင့်ရှိတဲ့ ဆေးရယ်၊ ဝှာရှီးတို့ရယ်က ကျွန်တော်တို့ကို M 16 သေနတ် ကို အဖြုတ်အတပ်လုပ်နည်းကိုင်နည်း သင်ပေးပါတယ်။ ကျွန်တော်တို့ သင်တန်းတက်ပြီးပြန်မယ်ဆိုတဲ့အချိန်မှာ တပ်မဟာ ၃ ရဲ့ အနားလောက် မှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကို မပြန်ခိုင်းပါဘူး။ ကျွန်တော် တို့ အဲဒီမှာ တစ်လခွဲလောက်ကြာပြီးတော့မှ ငါးလပိုင်း လဆန်းပိုင်း လေး၊ ငါးရက်လောက်မှ ကျွန်တော်တို့ ရန်ကုန်ပြန်ရောက်ပါတယ်။
m စာမျက်နှာ ၁၄ မှ
ကျွန်တော်တို့ တစ်လခွဲလောက် ကြာသွားတယ်။ ပြန်လာတယ်၊ ပြီးတော့ ကျွန်တော်ရယ်၊ ကိုရှမ်းကိုရယ်၊ ကိုဇော်ဂျီရယ် သုံးယောက်ကို ကိုနေလင်းထိုက်က နေစရာ အိမ်စီစဉ်ပေးတယ်။ အဲ့ဒီအိမ်က မြောက်ဒဂုံ ၃၁ ရပ်ကွက်၊ ဇေယျာဒီပ (၁)လမ်း အိမ်နံပါတ် ၁၅၀ နှစ်ထပ်ပျဉ်ထောင် အိမ်လေးမှာ ကျွန်တော်တို့ နေပါတယ်။ အဲဒီအိမ်မှာ ကျွန်တော်တို့ တစ်လခွဲ နှစ်လလောက်နေပြီးတော့ ကျွန်တော်ကတော့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်းနဲ့ ဒဂုံနွယ်လမ်းထောင့် တိုက် ၇၊ အခန်း ၃၀၂ မှာ ကျွန်တော်နေခဲ့ပါတယ်။ အဲ့ဒီတိုက်ခန်းမှာပဲ ကျွန်တော် ၉ လပိုင်း၊ ၃ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရပါတယ်။ ကျွန်တော် သိသလောက် ကိုနေလင်းထိုက်ကတော့ NGO လား နိုင်ငံခြားကုမ္ပဏီ တစ်ခုခုမှာလား မသိဘူး၊ အလုပ်လုပ်ပါတယ်။ ကိုနေလင်းထိုက်က ကျွန်တော်တို့ မီးရထားလုံခြုံရေးရဲတွေကို လုပ်ကြံဖို့ဆိုပြီးတော့ သုံးယောက်တစ်ဖွဲ့၊ လေးယောက်တစ်ဖွဲ့လောက်စီ ရထားပေါ်လိုက်စီး ပါတယ်။ လိုက်စီးရင်းနဲ့မှ လုံခြုံရေးရဲတွေရဲ့အခြေအနေကို လေ့လာ ပါတယ်။ လေ့လာပြီးတော့ ကျွန်တော်တို့ သတင်းပြန်ပို့ရပါတယ်။ သတင်းပြန်ပို့ပြီးတဲ့နောက် ၈ လပိုင်း ၂၀ ရက်နေ့လောက်မှာ ကျွန်တော် တို့ မြောက်ဒဂုံအိမ်မှာ လုပ်ကြံမည့်ကိစ္စနှင့်ပတ်သက်ပြီးတော့ အစည်း အဝေးတစ်ခုလုပ်တယ်။
အဲ့ဒီအစည်းအဝေးပွဲမှာတော့ ကျွန်တော်ရယ်၊ ကိုနေလင်းထိုက် ရယ်၊ ကိုရှမ်းကိုရယ်၊ အောင်ကြီးရယ်၊ ကျော်လေးရယ်၊ အောင်ရဲ(ခေါ်) ပိုးဥရယ်၊ ဇေယျာဖြိုးရယ်၊ မပိစိ(ခေါ်)အသေးလေးရယ်၊ ဆန်းမင်း အောင် (ခေါ်)နေမင်းရယ်၊ ဂျာကြီး(ခေါ်)နန္ဒရယ်၊ ကျော်ကြီး(ခေါ်) ကျော်ဝင်းစိုးရယ်၊ ကိုရှိုင်းရယ်၊ ကိုဝန(ခေါ်) ကိုနငယ်တို့ပါတယ်။ ဒါကတော့ ကျွန်တော်မှတ်မိသလောက် ဖြစ်ပါတယ်။ လူအရေအတွက် ကတော့ အဲ့ဒီအစည်းအဝေးပွဲမှာ ၁၅ ယောက်ကနေ ၂၀ ဝန်းကျင် လောက်ရှိတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျွန်တော်တို့က ဒီ ၈လပိုင်း ၁၄ ရက်နေ့မှာ ရထားလုံခြုံရေး ရဲဝန်ထမ်းတွေကို လုပ်ကြံဖို့ စီစဉ်ပါတယ်။ အဲ့ဒီ ၁၄ ရက်နေ့မှာပဲ ဆန်းမင်းအောင်(ခေါ်) နေမင်း၊ ကိုကျော်ကြီး၊ ကိုရှိုင်းတို့က မလွှကုန်းဘူတာကနေ ရထားလုံခြုံရေး ရဲဝန်ထမ်းတွေရဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် ရထား လိုက်စီးပါတယ်။ လိုက်စီးတဲ့အချိန်မှာပဲ သူတို့ရဲ့အခြေအနေတွေ ဘာတွေကို ကျွန်တော်တို့ကို ဖုန်းကနေတစ်ဆင့် မက်ဆေ့ဂျ် ပို့ပါတယ်။
အဲဒီနောက်မှာတော့ ကျွန်တော်ရယ်၊ ကိုကျော်လေးရယ်၊ အောင်ကြီးရယ်၊ ကိုဇော်ကြီးရယ်က ဘုရားလမ်းဘူတာကနေ တက်ပါ တယ်။ ဘုရားလမ်းဘူတာမှာပဲ ပထမက လေ့လာစောင့်ကြည့်တဲ့ ကိုရှိုင်းတို့အဖွဲ့က ဆင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားလမ်းက
တက်တဲ့ လေးယောက်ကတော့ ရထားနောက်ဆုံးအတွဲမှာ အဆင်သင့် နေရာထိုင်ပြီးစောင့်နေပါတယ်။ အဲဒီကနေ ရထားထွက်ပြီးတော့ ပြည်လမ်းဘူတာမှာ ကိုနေလင်းထိုက်နဲ့ ကိုရှမ်းလေး(ခေါ်) ကိုရှမ်း ကိုက တက်လာပါတယ်။ သူတို့နှစ်ယောက်ကလည်း နောက်ဆုံး
အတွဲမှာပဲ လာထိုင်ပါတယ်။ အဲဒီကနေပြီးတော့မှ ရှမ်းလမ်းဘူတာ ရောက်တော့ ဂျာကြီး(ခေါ်)နန္ဒရယ်၊ ကိုမင်းရယ်၊ ကိုနှုတ်ခမ်းမွှေးရယ် သုံးယောက်စလုံးက ရထားမောင်းတဲ့သူကို ထိန်းဖို့အတွက် ရထား စက်ခေါင်းပေါ်မှာ နေရာယူပါတယ်။ ဂျာကြီး(ခေါ်)နန္ဒတို့အဖွဲ့ သုံးယောက်က ရှမ်းလမ်းဘူတာကနေ မီးရထားစက်ခေါင်းတွဲကို တက်တယ်။ အဲဒီအချိန်မှာပဲ သူတို့က မီးရထားစက်ခေါင်းမောင်းကို ထိန်းချုပ်ဖို့ အဆင်သင့်ဖြစ်နေသလို ကျွန်တော်တို့နောက်ဆုံးတွဲ လေးတွဲမြောက်က လုပ်ကြံမယ့် ခြောက်ယောက်လုံးကလည်း အဆင်သင့် ဖြစ်နေပါပြီ။
အလုံလမ်းဘူတာကို ရောက်တဲ့အခါ ခဏလောက်ရပ်ပြီး မီးရထားဘီးစလှိမ့်တာနဲ့ ကျွန်တော်တို့ တိုင်ပင်ထားတဲ့အတိုင်း နှစ်ထောင့်တစ်၊ နှစ်ထောင့်နှစ်၊ နှစ်ထောင့်သုံး၊ နှစ်ထောင့်လေးဆိုပြီး တော့ ကျွန်တော်တို့က နှစ်ထောင့်တစ်ဆယ်အထိ ဆယ်စက္ကန့်စာ တိုင်ပင်နဲ့ ရေပါတယ်။ နှစ်ထောင့်တစ်ဆယ်မှာဘဲ ကျွန်တော်တို့က ရထားရဲတွေကို လုပ်ကြံပြီးတော့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ကိုကျော်လေးရယ်၊ ကိုနေလင်းထိုက်ရယ်၊ ကျွန်တော်ရယ်က မတ်တတ် ရပ်အနေအထားနဲ့ ပစ်ပြီးတော့ ကိုဇော်ဂျီရယ်၊ ကိုရှမ်းလေးရယ်၊ အောင်ကြီးရယ်က ထိုင်ရပ်အနေအထားနဲ့ ပစ်ပါတယ်။ ကျွန်တော်ရယ်၊ ကိုနေလင်းထိုက်ရယ်၊ ကိုရှမ်းလေးရယ် ကိုဇော်ဂျီဆီကို သေနတ်တွေ အပ်ပြီးတော့ မီးရထားမရပ်ခင်မှာဘဲ ကျွန်တော်တို့ ရှင်စောပုလမ်းကို ရထားပေါ်ကနေပေါင်းပြီး ထွက်ပြေးသွားပါတယ်။
ရထားမရပ်ခင်မှာ ခုန်ချထွက်ပြေးတဲ့ ကျွန်တော်ရယ်၊ ကိုနေလင်း ထိုက်ရယ်၊ ကိုရှမ်းလေးရယ်က ရှင်စောပုလမ်းထဲမှာရှိတဲ့ အသင့်စောင့် နေတဲ့ ကိုအောင်ရဲ(ခေါ်)ကိုပိုးဥ မောင်းနှင်တဲ့ Honda Civic ခဲရောင် 7H/9256 ကားပေါ်ကို လိုက်ပါစီးနင်းခဲ့ပါတယ်။ အဲဒီကားက စမ်းချောင်း မင်းလမ်းထဲကို မောင်းသွားတယ်။ မောင်းသွားပြီးတော့ ကျွန်တော် ရယ်၊ ကိုနေလင်းထိုက်ရယ်၊ ကိုရှမ်းလေးရယ်က အဲဒီမှာပဲ ဆင်းပါ တယ်။ ဗဟိုလမ်းပေါ် ပြန်တက်ပြီးတော့ ကိုယ့်နေရာကို အသီးသီး Taxi ငှားပြီးတော့ ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆင်းသွားပြီးတဲ့နောက် မှာ ရထားပေါ်မှာ ကျန်ခဲ့တဲ့ ကိုဇော်ဂျီရယ်၊ ကျော်လေးရယ်၊ အောင်ကြီး ရယ်က ကျွန်တော်တို့ ဆင်းသွားတဲ့သုံးယောက်ရဲ့ ပစ္စတိုတွေကော၊ ရထားရဲတွေရဲ့ သေနတ်လေးလက်ကိုပါ ဆာလာအိတ်နဲ့ထည့်ပြီး ဆင်းပါတယ်။
အဲဒီအချိန်မှာပဲ မီးရထားခေါင်းခန်းမှာ ရထားရပ်ဖို့ ထိန်းချုပ် ထားတဲ့ ဂျာကြီး(ခေါ်)နန္ဒရယ်၊ ကိုနှုတ်ခမ်းမွှေးရယ်၊ ကိုမင်းရယ်က လည်း ဆင်းပါတယ်။ ဆင်းပြီးတော့ ဦးလူနီလမ်းထဲမှာ အသင့်စောင့်နေ တဲ့ ကိုကျော်ကျော်မင်း(ခေါ်)ကျားလေးရယ်၊ ကိုဝင်းထွဋ်ရယ် မောင်းတဲ့ Taxi နှစ်စီးပေါ်ကို သေနတ်တွေ အကုန်တင်ပြီးတော့ ထွက်ပြေးသွားပါ တယ်။ ကျွန်တော်တို့ လုပ်ကြံတဲ့အစီအစဉ်မှာ ကိုဇေယျာဖြိုးရယ်၊ မပိစိရယ်က ကျွန်တော်တို့ဖုန်းတွေထဲကို GPS ထည့်ပေးတယ်၊ အွန်လိုင်း ဖွင့်ထားရင် အဲဒီ GPS က ကျွန်တော်တို့ဖုန်းတွေ ဘယ်နေရာမှာ ဘာဖြစ်နေလဲဆိုတာကို ကွန်ပျူတာကနေ ထိုင်ကြည့်နေပါတယ်။ အကယ်၍ တစ်ယောက်ယောက်ကများ အဖမ်းခံရတာတို့၊ တစ်ခုခု ဖြစ်တာတို့ဆိုရင် Location က Laptop မှာ ပေါ်ပါတယ်။ အဲဒီအချိန်
မှာ ကျန်တဲ့ဖုန်းတွေအကုန်လုံးကို Cutout လုပ်ပြီး ဖြတ်ချဖို့ နည်းပညာ ပိုင်းကို ကိုဇေယျာဖြိုးနဲ့ မပိစိကတာဝန်ယူခဲ့ပါတယ်။ အဲဒီကိစ္စတွေ ပြီးတဲ့နောက်မှာ ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံးက မတွေ့ဖြစ်တော့ ပါဘူး။ Telegram နဲ့ Zoom Meeting တို့ကပဲ စကားပြောဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကိုနေလင်းထိုက်က Taxi သမားနှစ်ယောက်ဖြစ် တဲ့ ကိုကျော်ကျော်လေး(ခေါ်) ကျားလေးရယ်၊ ကိုဝင်းထွဋ်ရယ်၊ ကိုကျော်ကျော်လေး (ခေါ်) ကျားလေးရဲ့ဇနီးရယ်ကို KNU တပ်မဟာ (၃)ကိုသွားပြီး ပို့ဆောင်တယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။
အဲဒီနောက် ၉ လပိုင်း ၁ ရက်နေ့လောက်မှာ Telegram နဲ့ Zoom Meeting တို့ကနေ meeting ပြန်လုပ်ပါတယ်။ အဲဒီမှာ ဘာပြောလဲ ဆိုတော့ ရန်ကုန်မြို့ CCTV Control Box တွေကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ကို ခိုင်းပါတယ်။ အဲဒီနေရာတွေကတော့ တာမွေ Ocean ရှေ့ မော်တော်ပီကယ်ရုံးနောက်က Control Box ရယ်၊ ပြည်လမ်းရှစ်မိုင် လမ်းဆုံရယ်၊ ပြည်လမ်း အေဒီပွိုင့်တွေက Control Box တွေရယ်ကို စောင့်ကြည့်ဖို့ တာဝန်ပေးပါတယ်။ ကျွန်တော် တာဝန်ကျတဲ့နေရာ ကတော့ တာမွေ Ocean ရှေ့ မော်တော်ပီကယ်ရုံးနောက်က CCTV Control Box တွေပဲဖြစ်ပါတယ်။ အဲဒီကိစ္စတွေကိုတော့ ၉ လပိုင်း ၆ ရက်နေ့လောက်မှာ မီးရှို့ဖျက်ဆီးရမယ်လို့ ကျွန်တော်တို့ကို တာဝန် ပေးခြင်းခံရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ၉ လပိုင်း ၃ ရက်နေ့ မနက် ၅ နာရီလောက်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပါ တယ်။ ဖမ်းဆီးခံရတုန်းက တာမွေနေအိမ်မှာဖြစ်ပါတယ်။ ကျွန်တော် တို့ အိမ်တွေရယ်၊ စားသောက်စရိတ်တွေရယ်ကို မမြတ်ဖြိုးပွင့်(ခေါ်) မဂျိုကာဆီကနေ ထောက်ပံ့ငွေရပါတယ်။ ၁၄ ရက်နေ့က ရထားရဲတွေ လုပ်ကြံတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုဂျိမ်းဆိုတဲ့ လူတစ်ဦးစီကနေ
ချီးမြင့်ငွေ ပိုက်ဆံငါးသိန်းကို ကိုပိုးဥထံ KBZ pay နဲ့ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။ ၁၄ ရက်နေ့ ကိစ္စနဲ့ပတ်သက်ပြီး မြောက်ဒဂုံ Golden Park မှာလည်း အောင်ပွဲခံခဲ့တယ်လို့လည်း သိရပါတယ်။
ဇေယျာဖြိုး
နာမည်က ဇေယျာဖြိုး (ခ) တရုတ်လေးပါ။ မှတ်ပုံတင်နံပါတ်က ၁၂/ကမတ(နိုင်)၀၇၆၀၀၅၊ မွေးသက္ကရာဇ်က ၂၆ ရက် ၁၂လ ၁၉၈၉၊ နေရပ်လိပ်စာက အမှတ်(၆၈) ၇လွှာ(B)၊ ဈေးကြီး ရပ်ကွက်၊ ကြည့်မြင် တိုင်။ အလုပ်အကိုင်က ကမ္ဘောဇဘဏ်မှာ IT ပိုင်းကို လုပ်ကိုင်ပါတယ်။ ကျွန်တော် ၂ လပိုင်း ၇ ရက်နေ့၊ ၈ရက်နေ့ကစပြီးတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြခဲ့တဲ့ နေရာတွေကတော့ မြေနီကုန်း၊ လှည်းတန်း၊ အလုံ၊ ဆူးလေတစ်ဝိုက်မှာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြနေရင်း ကျွန်တော့် ကောင်မလေး မြတ်ဖြိုးပွင့်(ခ)ဂျိုကာနဲ့ တွေ့ဆုံခဲ့ပါတယ်၊ တွေ့ဆုံပြီး တော့ Eagle 22 အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ Eagle 22 အဖွဲ့မှာ အဖျက် အမှောင့်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် ကျွန်တော်က GPS နည်းပညာနဲ့ Location ကြည့်ပေးပြီး အဲဒီနေရာတွေရဲ့ အဝင်/အထွက် လမ်းကြောင်းတွေကို ကြည့်ပေးခဲ့ရပါတယ်။ ပြီးတော့ ငွေရေးကြေးရေး ဆိုင်ရာအပိုင်းကိုလည်း အကူအညီပေးခဲ့ပါတယ်။ Online ကနေရရှိတဲ့ ပိုက်ဆံတွေကို ကျွန်တော်က ငွေသားအဖြစ် လဲလှယ်ပေးခဲ့ပါတယ်။ ကျွန်တော့်ရည်းစား မြတ်ဖြိုးပွင့်(ခ)ဂျိုကာနဲ့အတူ KNU တပ်မဟာ (၃)၊ တပ်ရင်း(၉)နယ်မြေမှာ သင်တန်း(၃)ရက် တက်ရောက်ခဲ့ပါတယ်။ သင်တန်းတက်ပြီး ပြန်ရောက်တော့ ရန်ကုန်က ကျွန်တော့်နေအိမ် မှာ နေပြီး (၂)ပတ်လောက်ကြာတော့ မပိစိ(ခ)မေသက်ထွေး ငှားထား တဲ့ စမ်းချောင်းလမ်းက နေအိမ်ကို ပိုးဥနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ ပါတယ်။
အဲဒီအချိန်ကစပြီး ကိုနေလင်းထိုက်က အဖျက်အမှောင့်လုပ်ငန်း တွေ စတင်လုပ်ကိုင်ဖို့ Location ကြည့်တယ်။ ပြီးတော့ အဲဒီနေရာ တွေရဲ့ အဝင်အထွက်တွေကို GPS နဲ့တစ်ဆင့် မြေပုံတွေ ပြုလုပ်ခိုင်း ခဲ့ပါတယ်။ အဲဒီလို ပြုလုပ်ခိုင်းတဲ့အတွက် ထောက်ပံ့ငွေဆိုပြီး တစ်ခု ပြုလုပ်တိုင်း ကျွန်တော့်ကို တစ်သိန်း၊ တစ်သိန်းခွဲ ပေးခဲ့ပါတယ်။ အလုံလျှပ်စစ်ရုံးရယ်၊ BLAZON Shopping Center အဟောင်း နေရာ ရယ်၊ နောက်တစ်ခုကတော့ ပန်းဆိုးတန်းလမ်းက အကောက်ခွန်ရုံး ကို ဗုံးဖောက်ခွဲခြင်းပြုလုပ်မှုတို့မှာ ကျွန်တော့်ကို Location ကြည့်ခိုင်း ခြင်းနဲ့ Google Map ကနေပြီးတော့ အဝင်အထွက် နေရာများကို မြေပုံရေးဆွဲခိုင်းခြင်းတို့ကို ပြုလုပ်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးဖြစ်စဉ် ဖြစ်တဲ့ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမှာ ကျွန်တော့် ကို လုပ်ကြံသတ်ဖြတ်မယ့်သူ ခြောက်ယောက်ရဲ့ ဖုန်းထဲမှာ GPS Location ကြည့်တဲ့ Software ထည့်သွင်းခိုင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အဲဒီနေရာအနီးတစ်ဝိုက်ရဲ့ မြေပုံဆွဲခိုင်းခဲ့ပါတယ်။ ရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်စဉ်ကို ကိုနေလင်းထိုက် (ခ)လင်းလင်းကနေတစ်ဆင့် အစပြုခဲ့ပါတယ်။ သူပြောပြီးတဲ့ နောက်ပိုင်းမှာ Scout ကြည့်ဖို့၊ ရထားဝင်/ထွက်၊ သွား/လာချိန်၊ မီးရထားရဲတွေရဲ့ လှုပ်ရှားမှုတွေကို Scout ကြည့်ဖို့အတွက် နေမင်း၊ ဂျာကြီး၊ ကျော်ကြီး၊ ကိုရှိုင်းတို့ကို တာဝန်ပေးခဲ့ပါတယ်။
အဲဒီ(၄)ယောက်ကနေတစ်ဆင့် Telegram Channel တွေမှာ မီးရထားတွေရဲ့ ဝင်ချိန်/ထွက်ချိန်တွေကို ပြီးတော့ မီးရထားရဲတွေ ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီးတော့ ပြန်ပြီးပြခဲ့ပါတယ်။ အဲဒီအတွက် Mission Plan ကို ကိုဇော်ဂျီမှတစ်ဆင့် ရေးဆွဲပြီးတော့ ကျွန်တော့်ကို အဓိက ခိုင်းစေခဲ့တာကတော့ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်မယ့် နေရာအနီးတစ်ဝိုက်ရဲ့မြေပုံကို ကျွန်တော့်ကို ဆွဲခိုင်းခဲ့ပါတယ်။ အဝင်/ အထွက်လမ်းတွေ၊ နေရာတွေ၊ ကားဘယ်မှာ ထားရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို အကြမ်းဖျင်းရေးဆွဲခိုင်းခဲ့ပါတယ်။ အဲဒီလိုမျိုးလုပ်ဆောင်တဲ့အတွက် ကျွန်တော့်ကို ထောက်ပံ့ငွေအဖြစ် တစ်သိန်းခွဲပေးခဲ့ပါတယ်။ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်မဖြစ်ခင် တစ်ရက်အလိုမှာ ကိုနေလင်း ထိုက်(ခ)လင်းလင်းကနေတစ်ဆင့် ကျွန်တော့််ဆီကို လုပ်ကြံသတ် ဖြတ်မယ့်သူတွေ ကိုင်ဆောင်မယ့် ဖုန်းခြောက်လုံးကို ပို့ပေးခဲ့ပါတယ်။ အဲဒီဖုန်း ခြောက်လုံးမှာ GPS System ထည့်ပေးဖို့ ကျွန်တော့်ကို ခိုင်းစေခဲ့ပါတယ်။
အဲဒီဖုန်းခြောက်လုံးမှာ GPS System ကိုထည့်ပေးပြီးတဲ့အချိန် မှာ ကျွန်တော့် Computer ကနေတစ်ဆင့် သူတို့ရဲ့တည်နေရာကို သိနိုင်ပြီးတော့ သူတို့လှုပ်ရှားသွားလာနေတဲ့ အချိန်မှာ တစ်ယောက် ယောက်က မတော်တဆ ဖမ်းဆီးခံရတယ်ဆိုရင် တခြားလူတွေအချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကျွန်တော်တို့ကတစ်ဆင့် ပြန်ပြီး တော့ ပြောပြနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီဖုန်းခြောက်လုံးမှာ GPS System ကို ထည့်ခိုင်းခဲ့ခြင်းဖြစ်ပါတယ်။ ရထားရဲတွေကို လုပ်ကြံသတ်ဖြတ်တဲ့နေ့မှာ ကျွန်တော်က မပိစိ(ခ)မေသက်ထွေးရဲ့ နေအိမ်ကတစ်ဆင့် ကျွန်တော် GPS ထည့်ပေးလိုက်တဲ့ ဖုန်းတွေကို ကျွန်တော်နဲ့ မပိစိ(ခ)မေသက်ထွေးတို့ အတူတူ Computer ရဲ့ GPS ကတစ်ဆင့် အဲဒီဖုန်းတွေကို ကြည့်ရှုခဲ့ပါတယ်။ ရထားသွားနေတဲ့အချိန် မှာ အစိမ်းရောင်အစက် (၆)စက်က ရထားနဲ့အတူ ရွေ့လျားနေပြီး တော့ ဖြစ်စဉ်အပြီး ရထားရပ်သွားတဲ့အချိန်မှာ အစက်(၂)စက်က ရှင်စောပုလမ်းကို ထွက်ခွာသွားပြီးတော့ ကျန်တဲ့အစက်(၄)စက်က ဦးလူနီလမ်းဘက်ကို ဆင်းသွားခဲ့ပါတယ်၊ ကျွန်တော်က အဲဒီဖြစ်စဉ် အပြီးမှာ လုပ်ကြံသတ်ဖြတ်မှုအောင်မြင်တယ်လို့ ထင်ပြီးတော့ မပိစိ(ခ)မေသက်ထွေးရဲ့နေအိမ်ကတစ်ဆင့် ကျွန်တော့်ကောင်မလေး မြတ်ဖြိုးပွင့် (ခ)ဂျိုကာရဲ့ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်နေအိမ်ကို ကျွန်တော်ပြန်သွားခဲ့ပါတယ်။ မီးရထားရဲတွေကို လုပ်ကြံသတ်ဖြတ်ပြီး တဲ့ညမှာ မြောက်ဒဂုံက Golden Park မှာ အောင်ပွဲခံတဲ့အနေနဲ့ စားသောက်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ လုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
နောက်(၂)ရက်လောက်နေတော့ ပိုးဥ(ခ)အောင်ရဲထံမှ သူ့ဆီကို ကိုဂျိမ်းဆိုတဲ့လူက Online ကနေပြီး K-Pay ကတစ်ဆင့် (၅)သိန်း လွှဲပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီပိုက်ဆံ(၅)သိန်းကတော့ မီးရထား ရဲတွေကို လုပ်ကြံသတ်ဖြတ်ရာမှာ အောင်မြင်ခဲ့တဲ့အတွက် ချီးမြှင့်ငွေ အနေနဲ့ ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မီးရထားရဲတွေဆီက သိမ်းဆည်း ရခဲ့တဲ့ လက်နက်တွေကို NLD လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာ သော်(ခ)မောင်ကျော်ထံမှာ သိမ်းဆည်းထားပြီးတော့ ၈ လပိုင်း ၃၁ ရက်နေ့ ညနေမှာ ကျွန်တော့်ကောင်မလေးဖြစ်တဲ့ မြတ်ဖြိုးပွင့်(ခ)ဂျိုကာရဲ့နေအိမ်ကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ၉ လပိုင်း ၃ ရက်နေ့ ရောက်တဲ့အချိန်မှာတော့ မနက်ပိုင်း ကျွန်တော် မုန့်ဆင်းဝယ်တဲ့အချိန် မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။