ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်   စက်တင်ဘာ  ၆


ပညာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည်        ဒုတိယဝန်ကြီးများ ဖြစ်ကြသော    ဒေါက်တာဇော်မြင့်၊    ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင်  နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံ ပညာ  အထက်တန်းကျောင်းသို့   သွားရောက်ပြီး တာဝန်ခံကျောင်းအုပ်၊  ကျောင်းအကျိုးတော်ဆောင် များ၊  ကျောင်းသားမိဘများ၊  ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ အေးချမ်းစွာပညာသင်ကြား သင်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 


မှာကြား


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ လက်တွေ့ခန်းသုံး  ပစ္စည်းများကို စနစ်တကျ  အကျိုးရှိ  ထိရောက်စွာ အသုံးပြုရန်လိုကြောင်း၊ အသုံးပြုမှုကြောင့် ပျက်စီးမှု များကို     ပြန်လည်ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း၊ ဆရာဆရာမများအနေဖြင့် ရုံးပိတ်ရက် ရှည်  ခံစားနေသည့်ကာလအတွင်း   မိမိသင်ကြား ရသည့်   ဘာသာရပ်များအလိုက်   သင်ရိုးညွှန်းတမ်း နှင့်သက်ဆိုင်သော   ဘာသာရပ်များကို အရည်အသွေး မြှင့်တင်ရန် စဉ်ဆက်မပြတ်  လေ့လာနေရန်လိုကြောင်း မှာကြားသည်။ 


ဖြည့်ဆည်းပေးရေး


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက  သိပ္ပံလက်တွေ့ ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ ကွန်ပျူတာ များဖြည့်ဆည်းပေးရေး၊ စာကြည့်တိုက်သုံး စာအုပ်၊ ပရိဘောဂများ ဖြည့်ဆည်းပေးရေးနှင့် ကျောင်းရှိ မြေနှင့်ကိုက်ညီသည့် အားကစားရုံ၊ အားကစားကွင်း၊ ဘောလုံးကွင်း၊ ပြေးလမ်းပတ်လမ်းများနှင့် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန် ရှိသူများအား မှာကြားသည်၊၊

 


ထို့နောက်        ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပြည်စံအောင်  အခြေခံပညာ  အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ        အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဆောင်အတွင်း  လှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊  သင်ကြားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာများ      ပိုမို ကောင်းမွန်ရေးတို့ကို  လမ်းညွှန်မှာကြားကာ   လိုအပ် ချက်များ    ဖြည့်ဆည်းပေးနိုင်ရေး   ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။  

                   သတင်းစဉ်