လိမ္မော်အပါအဝင် ရှောက်မျိုးရင်းဝင်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သုတေသနများ၊ ပြပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပသွားမည်

နေပြည်တော်  စက်တင်ဘာ   ၆


မြန်မာနိုင်ငံ၏    သစ်သီးဝလံသွင်းကုန်များအပေါ် စိစစ်ချက်အရ သုံးနှစ်အတွင်း သစ်သီးဝလံတင်သွင်းမှု အတွက်  အမေရိကန်ဒေါ်လာသန်း ၅၀ ခန့်  နှစ်စဉ် အသုံးပြုလျက်ရှိပြီး  လိမ္မော်သီးတင်သွင်းမှုမှာ ၅၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း  ရေမြေ ရာသီဥတု စုံလင် သည့် မိမိတို့နိုင်ငံတွင်    သွင်းကုန်အစားထိုး   အရည် အသွေးကောင်း  သစ်သီးဝလံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက်  လိုအပ်သော သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ ပြိုင်ပွဲ များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း      ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသန  ဦးစီးဌာန၌  ကျင်းပသည့် ဥယျာဉ်ခြံ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို  အဆင့်မြှင့် တိုးချဲ့ဆောင်ရွက်ရေး  ဆွေးနွေးပွဲတွင်  ပြည်ထောင်စု ဝန်ကြီးဦးတင်ထွဋ်ဦးက ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် စက်မှုလယ်ယာသုတေသနအတွက်ဌာန မြေသီးခြားရွေးချယ်ရန် မြေနေရာကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် သုတေသနဆောင်ရွက် နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


ပြည်သူပြည်သားများ၏   ကျန်းမာကြံ့ခိုင်ရေး အတွက်    စားနပ်ရိက္ခာဖူလုံရေးတွင်   အာဟာရဓာတ် ဖူလုံရေးကိုလည်း     အဓိကထားဆောင်ရွက်ရန်
လိုအပ်လျက်ရှိရာ မြန်မာပြည်မြောက်ဖျားပိုင်းဒေသတွင်  ဂရိတ်ဖရုကို လည်းကောင်း၊ တောင်ဘက်ပိုင်း မွန်၊ တနင်္သာရီဒေသတွင်  ကျွဲကောကိုလည်းကောင်း၊ အခြားဒေသအသီးသီးတွင်လည်းကောင်း  လက်ရှိ စိုက်ပျိုးလျက်ရှိရာ လိမ္မော်၊ ရှောက်ချို၊ သံပရာ စသည့် သီးနှံများကို ရေမြေရာသီဥတု အခြေအနေပေးသည့် ဒေသများ၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့်   ပြည်တွင်းစားသုံးမှုအတွက်  သာမက  ပြည်ပပို့ကုန် အဖြစ်   တင်ပို့ရောင်းချနိုင်ရေး မျှော်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ယခုနှစ် လိမ္မော်ရာသီမှ စတင် ကာ  ဒေသအနှံ့ရှိ လိမ္မော်အပါအဝင် ရှောက်မျိုးရင်းဝင် များကို  စုစည်း၍ ပြပွဲပြိုင်ပွဲများ ကျင်းပပေးနိုင်ရေးနှင့် သုတေသနနှင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက် ခြင်းတို့ကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက     စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း 
သိရသည်။                                      

 သတင်းစဉ်