ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ၌ စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်    စက်တင်ဘာ    ၂


ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ  ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌      ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများ တွင်   စနစ်တကျ   လက်ခံ၍  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာမြို့နယ်များ၌ ကန့်သတ်စောင့်ကြည့်စင်တာများ  ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ 


ယင်းသို့   ပြင်ဆင်ဆောင်ရွက်ပေးနေမှု များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင်  တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍    ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်    အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။  


ထိုသို့   ပြင်ဆင်လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၃၉ ဦးနှင့် အမျိုးသမီး ၇၉ ဦး   စုစုပေါင်း ၂၁၇ ဦးကို လည်းကောင်း၊       ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့်   တည်းခိုရေး စခန်း၌   ဓာတ်ခွဲအတည်ပြု   ပိုးတွေ့လူနာ အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၅၆ ဦး ကိုလည်းကောင်း၊ ရဲမွန်တပ် မြို့ရှိ   နယ်မြေခံတပ်၌   ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၉ ဦး ၊ အမျိုးသမီး ကိုးဦး   စုစုပေါင်း ၂၈ ဦးကို လည်းကောင်း အသီးသီးလက်ခံထားရှိကြောင်း သိရသည်။


အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု    ပိုးတွေ့လူနာများ၏   နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။              

 

  သတင်းစဉ်