ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ဆန်များထောက်ပံ့

ဘားအံ    စက်တင်ဘာ    ၂


ကရင်ပြည်နယ်အစိုးရအဖွဲ့မှ  လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးနှင့်    ကွပ်ကဲမှုအောက်ရှိ   တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား ဆန်များထောက်ပံ့ပေးအပ်သည့်  အခမ်းအနားကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီ ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက   လုံခြုံရေးနှင့်      တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းပါဝင်ပြီး နေ့ည မပြတ် ၂၄ နာရီကာလပတ်လုံး တာဝန်ထမ်းဆောင် ပေးခဲ့သည့်     မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အဆင့်ဆင့်ကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားရ  ကျေနပ်မိပါကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး ကိုဗစ်-၁၉  ရောဂါကင်းရှင်းပြီး   တိုင်းပြည်တာဝန်ကို   ဆတက် ထမ်းပိုး ကြိုးစားထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် က ပြည်နယ်အတွင်းရှိ လက်ရုံးရဲတပ်ဖွဲ့ဝင်မိသားစု များအတွက်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင် က အမှတ်(၂၂) လုံခြုံရေးရဲတပ်ဖွဲ့ဝင်  အိမ်ထောင်စု များအတွက်လည်းကောင်း၊     ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက       ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တပ်ဖွဲ့ဝင်မိသားစုများအတွက်လည်းကောင်း ဆန်အိတ် များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ဆန်များထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့်  ယနေ့ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးနှင့် ကွပ်ကွဲမှုအောက်ရှိ တပ်ဖွဲ့ဝင်၊ မိသားစုဝင် များအတွက် စုစုပေါင်းငွေကျပ် ၁၅၂၈၂၀၀၀ (တစ်ရာ ငါးဆယ့်နှစ်သိန်းရှစ်သောင်းနှစ်ထောင်)  တန်ဖိုးရှိ  ဆန်အိတ် ၅၅၆ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)