ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့

 

ရွှေတောင်   စက်တင်ဘာ   ၂


ပဲခူးတိုင်းဒေသကြီး       ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းနှင့်    အဖွဲ့ဝင်များသည် စက်တင်ဘာ ၂ ရက်က ရွှေတောင်မြို့  ပြည်သူ့ဆေးရုံသို့ သွားရောက်၍ မြို့နယ် ဆရာဝန်၊     တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း   ကိုဗစ်-၁၉    ရောဂါ ကူးစက်ခံရမှု  အခြေအနေများ၊  ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုများနှင့်ပတ်သက်၍ မေးမြန်းပြီး      တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားနေမှု   အခြေအနေများကို ဝန်ကြီးချုပ်က     ရှင်းလင်းပြောကြား သည်။


ထို့နောက် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသော  ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက်  ထောက်ပံ့ငွေများ  ပေးအပ်ပြီး ပြည်သူ့ဆေးရုံအတွက်        အောက်ဆီဂျင် ထုတ်စက်များနှင့် လူမှုကူညီရေးအသင်း များအတွက် ရောဂါကာကွယ်ရေး ဝတ်စုံ ၂၀၀၊ ခေါင်းစွပ် ၂၀၀ နှင့်  ခြေစွပ် ၂၀၀ တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်သည်။        

မြို့နယ်(ပြန်/ဆက်)