
မောင်တော စက်တင်ဘာ ၂
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းသို့ ဝင်ရောက်မည့်သူများအား နှာခေါင်းတို့ဖတ်ယူ၍ Rapid Diagnostic Test ဖြင့် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးခြင်းကို မြို့အဝင်/အထွက်ဂိတ်၌ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီမှစ၍ ဆောင်ရွက်လျက် ရှိသည်။
မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်၌ ယခုလို စစ်ဆေးမှုဆောင်ရွက်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁ ရက်တွင် မြို့တွင်းသို့ ဝင်ရောက်မည့် သုံးဘီးယာဉ်မောင်းနှင်သူများ၊ စစ်တွေမြို့မှ ဝင်ရောက်လာသော ကုန်တင် ကားကြီး မောင်းနှင်သူများနှင့် ယာဉ်နောက် လိုက်များ စုစုပေါင်း ၅၈ ဦးအား စစ်ဆေး ခဲ့ရာ ရောဂါပိုးတွေ့သူ မရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်
(ပြန်/ဆက်)