အမ်းမြို့နယ် နေရပ်စွန့်ခွာစခန်းများရှိ ခိုလှုံနေသူ ၇၆၆ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

အမ်း  စက်တင်ဘာ    ၂  
ရခိုင်ပြည်နယ်     အမ်းမြို့နယ်၌ နေရပ်စွန့်ခွာစခန်းများတွင်    ခိုလှုံ နေကြသော   အသက်  ၁၈ နှစ်နှင့် အထက်ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ပထမ အကြိမ်ထိုးနှံပေးခြင်းကို  ရွှေအမ်း တောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။


အမ်းမြို့နယ်၌       မြို့နယ် ကျန်းမာရေး       ဝန်ထမ်းများက  ဆီနိုဖမ်းအမျိုးအစား  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို      ပဲပဒုံ နေရပ်စွန့်ခွာစခန်း(၁)ရှိ   အသက် ၁၈ နှစ်နှင့် အထက်ပြည်သူ ၁၈၄ ဦး၊   မိုးလုံလေလုံအားကစားခန်းမ နေရပ်စွန့်ခွာစခန်း(၂)ရှိ   အသက် ၁၈ နှစ်နှင့်အထက်  ပြည်သူ ၅၈၂ ဦး၊ စုစုပေါင်းပြည်သူ  ၇၆၆ ဦးအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ ပထမအကြိမ်      ထိုးနှံပေးလျက်  ရှိသည်။
ထိုသို့       ထိုးနှံပေးခြင်းကို  မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊      မြို့နယ်အုပ်ချုပ်ရေးမှူး     ဦးဌေးအောင်၊     ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ    အောင်ကျော်မိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်     အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊      မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊     စေတနာ့ ဝန်ထမ်း       ပံ့ပိုးကူညီရေးအဖွဲ့ ဝင်များ   ပူးပေါင်း၍  လိုအပ်သည် များ  ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)