နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်း

 

နေပြည်တော်   စက်တင်ဘာ    ၂


ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို   ယနေ့နံနက်  ၁၀  နာရီတွင်  နေပြည်တော် ကောင်စီရုံးဧည့်ခန်းမ၌ကျင်းပရာ     နေပြည်တော်ကောင်စီ       ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လှူဒါန်းပွဲတွင် နေပြည်တော် စည်ပင်သာယာရေး   ကော်မတီ နှင့်      နေပြည်တော်    ဖွံ့ဖြိုးရေး ဘဏ်  ဥက္ကဋ္ဌ  ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် နေပြည်တော်လမ်း ဦးစီးဌာန          ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း တို့က ကိုဗစ်-၁၉ ရောဂါ        ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အသုံးပြုနိုင်ရန် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ကြသည်။
ထို့နောက် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့်      တာဝန်ရှိသူ များက    နေပြည်တော်      စည်ပင် သာယာရေးကော်မတီနှင့် နေပြည် တော် ဖွံ့ဖြိုးရေးဘဏ်တို့မှ လှူဒါန်း သည့်  အလှူငွေကျပ်သိန်း  ၅၀၀ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများက ဆောက်လုပ်ရေး     ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက လှူဒါန်း သည့်   အလှူငွေကျပ်သိန်း   ၂၀၀ ကိုလည်းကောင်း၊ ညွှန်ကြားရေး မှူး ဒေါ်နွယ်နီထွန်းနှင့် တာဝန် ရှိသူများက နေပြည်တော် လမ်း ဦးစီးဌာန ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၃၀  ကိုလည်းကောင်း  ပေးအပ် လှူဒါန်းကြရာ      နေပြည်တော် ကောင်စီဥက္ကဋ္ဌ          ဒေါက်တာ မောင်မောင်နိုင်က    လက်ခံယူပြီး  ဂုဏ်ပြု            မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ      ကျေးဇူး တင် စကားပြောကြားသည်။
ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယမြို့တော် ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူ များသည်  နေပြည်တော်စည်ပင် သာယာရေးကော်မတီနှင့် နေပြည်  တော်ဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ      ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်    လှူဒါန်းသည့်  အလှူငွေကျပ်သိန်း  ၅၀၀   ကို Coronavirus    Disease     2019 (COVID-19 ) ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဗဟိုကော်မတီသို့  သွား ရောက်လှူဒါန်းရာ Coronavirus Disease   2019   (COVID-19) ကာကွယ်၊   ထိန်းချုပ်၊   ကုသရေး ဗဟိုကော်မတီ     အတွင်းရေးမှူး ကျန်းမာရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက    လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ   ပြန်လည် ပေးအပ်ကာ    ကျေးဇူးတင်စကား ပြန်လည်    ပြောကြားကြောင်း သိရသည်။


ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)