
နေပြည်တော် စက်တင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသ တွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေး ကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင် များသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များသည် တိုင်းစစ် ဌာနချုပ် စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံသို့ လည်းကောင်း အသီးသီး သွားရောက်၍ ဥစား ကြက်မွေးမြူရေးလုပ်ငန်း၊ နို့စား နွားမွေးမြူရေးလုပ်ငန်း၊ DYL ဝက် မွေးမြူရေးလုပ်ငန်း၊ ငါးမွေးမြူ ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ဒေသခံတိုင်းရင်း သားပြည်သူများ၏ စိုက်ခင်း များမှ သီးနှံများကို နယ်မြေခံ တပ်မတော်သားများက ဒေသ ပေါက်ဈေးအတိုင်း ဝယ်ယူပေး လျက်ရှိရာ စက်တင်ဘာ ၁ ရက် နှင့် ယနေ့တို့တွင် မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် ယာကြီးကျေးရွာရှိ ဒေသခံ တောင်သူများထံမှ ကြက်သွန်နီ ၁၀၀၀၀ ပိဿာနှင့် ဖက်တော ကျေးရွာရှိ ဒေသခံတောင်သူများ ထံမှ ကြက်သွန်နီ ၁၃၀၀၀ ပိဿာ တို့ကို အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံတပ်မတော်သား များက ဒေသပေါက်ဈေးအတိုင်း သွားရောက်ဝယ်ယူ အားပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်