နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင

နေပြည်တော်    စက်တင်ဘာ    ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ    ကာကွယ်ရေး ဝန်ကြီး Army General Kuzhugetovich Shoigu ၏  ဖိတ်ကြားချက်အရ  ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင်   ကျင်းပပြုလုပ် လျက်ရှိသည့်   International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သို့ ထွက်ခွာမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဒုတိယဥက္ကဋ္ဌ၊    ဒုတိယ တပ်မတော်    ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။


ပို့ဆောင်နှုတ်ဆက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  နှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ အတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ 

 


သံရုံး ဒုတိယအကြီးအကဲ  Mr. Pavel Klabukov နှင့် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး နှင့်   တပ်မတော်အရာရှိကြီးများ   လိုက်ပါသွားကြ ကြောင်းနှင့် ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အထင် ကရနေရာများသို့   သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း       သတင်းရရှိ သည်။ 

 

သတင်းစဉ်