
နေပြည်တော် စက်တင်ဘာ ၁
မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ရှိ ပိဋကတ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပြည်တော်သာရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် နှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ချောင်းဖျားကြီး ကျေးရွာရှိ ခရေပင်တပ်ဦးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဟာဝရဇိန်မစိုးရိမ်ဓမ္မာစရိယသင်တန်းကျောင်း နှင့် ပြင်ဦးလွင်မြို့ ရွှေသင်းကျေးရွာရှိ စိတ္တသုခကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော် သားများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ နတ်ရေကန် သောဘိတာရာမ ပရိယတ္တိစာသင်တိုက်နှင့် သာသနာ့အလင်းရောင် သီလရှင်ကျောင်းတိုက်တို့ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့ များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးကြောင်း သတင်းရရှိသည်။ (အပေါ်ပုံ)
သတင်းစဉ်