မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၁


ကိုဗစ်-၁၉ ကြောင့်   ဖြစ်ပေါ်လာ သည့်     စီးပွားရေးသက်ရောက်မှု များအပေါ်   ကုစားရေးလုပ်ငန်း ကော်မတီက      ဦးဆောင်ရေးဆွဲ ခဲ့သော     မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေး  စီမံချက် (မူကြမ်း)အပေါ် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များနှင့်   ပတ်သက် ၍    တွေ့ဆုံဆွေးနွေးပွဲကို    ယနေ့ မွန်းလွဲပိုင်းတွင်      ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌  Virtual စနစ်ဖြင့် ကျင်းပသည်။ 
အစည်းအဝေးသို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွား ရေး      သက်ရောက်မှုများအပေါ် ကုစားရေး      လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးအောင် နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး     ဝန်ကြီး ဌာန    ဒုတိယဝန်ကြီး    ဦးသန်း အောင်ကျော်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊     ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန        ညွှန်ကြားရေးမှူး ချုပ်    ဒေါက်တာ ဝါဝါမောင်နှင့်     ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ    အသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ 
အစည်းအဝေးတွင်    မြန်မာ နိုင်ငံ   စီးပွားရေး ပြန်လည်ဦးမော့ စေရေးစီမံချက် (မူကြမ်း) အပေါ် ပုဂ္ဂလိကကဏ္ဍ၏    အကြံပြုချက် များအား   စီမံချက်အဆိုပြုလွှာ များနှင့်တကွ     ဆွေးနွေးကြပြီး ဆွေးနွေးချက်များနှင့်    ပတ်သက် ၍       စီမံချက်တွင်      လိုအပ်သလို ဖြည့်သွင်းနိုင်ရေးနှင့်    စီမံချက် အား     အကောင်အထည်ဖော်ရာ တွင်  ပုဂ္ဂလိကကဏ္ဍက ထိရောက် စွာ     ပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို    ညှိနှိုင်းခဲ့ကြ သည်။                        

  သတင်းစဉ်