ထားဝယ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေနစ်မြုပ်မှုကြောင့်  လှေသားများအား ကူညီကယ်ဆယ်

 

 

နေပြည်တော်   ဩဂုတ်   ၃၁


တနင်္သာရီတိုင်းဒေသကြီး    ထားဝယ်မြို့နယ်ရှိ        မြန်မာ့ပင်လယ်ပြင်အတွင်း  လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၀ ရက် နံနက် ၆ နာရီခန့်က ထားဝယ်မြို့၏    အနောက်တောင်ဘက်  ရေမိုင် ၂၆ မိုင်ခန့်အကွာသို့ အရောက်၌ အောင်သန့်ဇင်  (၆၃) အမည်ရှိ   ငါးဖမ်းဝါးလတ်လှေ နစ်မြုပ်မှုကြောင့်  ယင်းလှေပေါ်ပါ    လှေသား ၁၈ ဦးကို  ကယ်တင်၍ တင်ဆောင်လာသည့်     ဒေသခံ ငါးဖမ်း လှေတစ်စင်းကို  တွေ့ရသဖြင့်   အဆိုပါလှေသား ၁၈ဦးအား   တပ်မတော်ရေယာဉ်သို့    လွှဲပြောင်း ကူညီကယ်တင်မှုများ ဆောင်ရွက်ပေးသည်။ (အောက်ပုံ)
အဆိုပါ   အောင်သန့်ဇင်  (၆၃)   အမည်ရှိ     ငါးဖမ်းဝါးလတ်လှေသည်     ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နေ  ဦးအောင်မိုး  ပိုင်ဆိုင်သော   လှေဖြစ်ပြီး  ယင်းလှေသည်   ကျောက်ဆောင်နှင့်     တိုက်မိ၍   နစ်မြုပ်ခဲ့ခြင်းဖြစ်ကာ    တပ်မတော် ရေယာဉ်မှ   တပ်မတော်သားများက     လွှဲပြောင်း ကယ်တင်ခဲ့သည့် လှေသား ၁၈ ဦးကို    လိုအပ်သည့်      ကျန်းမာရေးစောင့်ရှောက်မှု     လုပ်ငန်းများ      ဆောင်ရွက်ပေးပြီး          စားသောက်ဖွယ်ရာများ           ထောက်ပံ့ပေးအပ်ခဲ့ကြောင်း               သတင်းရရှိသည်။
သတင်းစဉ်