တစ်ကမ္ဘာလုံးမှာ ကစားနိုင်တော့မယ့် PUBG: New State 

 

 

နာမည်ကြီးပြီး ကမ္ဘာတစ်ဝန်း မှာ ကစားသူအများဆုံး မိုဘိုင်းဂိမ်း ဖြစ်တဲ့   PUBG   ဂိမ်းကို   အခြေခံ ထားတဲ့ PUBG: New State ဂိမ်း အသစ်ကို      စာရင်းသွင်းထားတဲ့ စမ်းသပ်ကစားသူ     အချို့အတွက် Test   နှစ်ကြိမ်    ပေးကစားခဲ့ပြီး နောက် အောက်တိုဘာလဆန်းပိုင်း လောက်မှာ    တရားဝင်ထွက်လာ တော့မှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ စတင်ကစားနိုင်တော့မှာ     ဖြစ်ပါ တယ်။
ဒီဂိမ်းသစ်ဟာ  PUBG  လိုပဲ ကျွန်းတစ်ခုပေါ်ခုန်ဆင်း၊     လက် နက်တွေကောက်ပြီး ရန်သူတွေကို ပစ်ခတ်ရင်း   ကိုယ့်အဖွဲ့  တစ်ဖွဲ့ပဲ အသက်ရှင်ကျန်အောင် ကစားရ တဲ့ဂိမ်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းဇာတ်လမ်းကို လာမယ့် ၂၀၅၁ ခုနှစ်မှာ အခြေခံထားလို့ ပိုစုံလင် ပြီး   စိတ်ကြိုက်   တပ်ဆင်နိုင်တဲ့ လက်နက်တွေ၊ ပိုစုံတဲ့ ယာဉ်အမျိုး အစားတွေနဲ့ Drone တွေ၊  ပိုပြီး အသေးစိတ်ကျတဲ့     မြေပုံအနေ အထား၊ ပိုသွက်တဲ့ Gameplay နဲ့ ပိုသဘာဝကျတဲ့  တိုက်ပွဲမြင်ကွင်း တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
ဂရပ်ဖစ်ပိုင်းမှာလည်း     New State   ဟာ   လက်ရှိ  PUBG   ရဲ့ ကာတွန်းဆန်ဆန်ရုပ်ထွက်ထက် ပိုကောင်းပြီး  လက်တွေ့နဲ့ပိုနီးစပ် တဲ့ရုပ်ထွက်မျိုးနဲ့ တွေ့မြင်ကစား နိုင်မှာပါ။ အခြားထူးခြားချက်တွေ အနေနဲ့   Knock   နေတဲ့   ရန်သူကို ဆေးကုပေးပြီး   ကိုယ့်အဖွဲ့ထဲကို ပါလာအောင်လုပ်နိုင်တာ၊ သေပြီး သားအဖွဲ့ဝင်ကို Flare Gun သုံးပြီး ပြန်ခေါ်တာ   စတာတွေကိုလည်း လုပ်နိုင်ပါတယ်။
PUBG: New State ကို စတင် ကစားနိုင်ဖို့အတွက်    ဖုန်းဟာ အနိမ့်ဆုံးအနေနဲ့   Android   6 (Marshmallow)  နဲ့  အနည်းဆုံး RAM 2GB ရှိရမယ်လို့ PUBG က ကြေညာထားပါတယ်။ ဂိမ်းရဲ့ ဖိုင် ဆိုက်ကလည်း  စစချင်းမှာ  2GB လောက်သာ   လိုအပ်မှာဖြစ်ပါ တယ်။  ဒါပေမယ့်  PUBG ရဲ့ ထုံးစံ အတိုင်း နောက်ပိုင်းမှာ Update တွေ ထပ်ထွက်လာပြီး မူရင်းဂိမ်း ထဲမှာပဲ ထပ်ပေါင်းပေးမှာဖြစ်တဲ့  အတွက်  RAM  အနည်းဆုံး 4GB နဲ့ မင်မိုရီနေရာလွတ် အနည်းဆုံး 5GB လောက်ရှိမှသာ အဆင်ပြေ နိုင်မှာဖြစ်ပါတယ်။ 
ကျော်ဇင်ဦး