ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စေတနာရှင် အလှူရှင်များက အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေလှူဒါန်း

 

 

နေပြည်တော်  ဩဂုတ်  ၃၁


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ပြည်သူ့ဆေးရုံများ၊  တပ်မတော်ဆေးရုံများ၊  ကျန်းမာရေးဌာန များ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ စေတနာရှင်အလှူရှင် များက  ရောဂါကာကွယ်ရေး   အထောက်အကူပြုပစ္စည်းများနှင့်   အလှူငွေများ   ပေးအပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ  တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊    ကုသရေး  လုပ်ငန်း များတွင်    အသုံးပြုရန်အတွက် ဦးတင်မြင့်နှင့်ဇနီး  ဒေါ်တင်ငွေ မိသားစုက    အောက်ဆီဂျင်အိုး အလုံး ၅၀ ၊ Oxygen Flow  Meter ၂၅ ခုနှင့်  Mask   ၃၀၀၀၀ တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်    အသုံးပြုရန် အတွက်  မြန်မာ့အားမာန်စီးပွား ရေး   လုပ်ငန်းရှင်များအသင်း၏ နာယက  ဦးတင်မောင်နှင့်   ဇနီး ဒေါ်စီစီမိုး (Xie  Family  Co,Ltd) က ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ Oxygen Generation System တစ်လုံး၊ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းချုပ် (YMBA)  ဗဟို ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဇနီး ဒေါ်မို့မို့ အေးကျော်   မိသားစုက    လူနာ တင်ယာဉ် တစ်စီး၊    မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် က  ငွေကျပ်သိန်း  ၄၆၀ တန်ဖိုးရှိ   Medical Oxygen Concentrator အလုံး၂၀ နှင့် Medical  Ventilator ငါးလုံး၊ Esperado  Lake  View  Hotel မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကောင်းမြတ်ဇော်က ငွေကျပ် သိန်း ၃၀၀၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ  အသင်းချုပ်  (UMFCCI)က ငွေကျပ်သိန်း      ၂၅၀  တန်ဖိုးရှိ Liquid Oxygen ၂၅ တန်၊ ဦးသက် မျိုးနှင့် ဇနီး   ဒေါ်မိုးသီတာဇော် (မိုးရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီမိသားစု)နှင့် ဒေါက်တာ စည်သူဝင်း (Future  Bright Co. Ltd)က ငွေကျပ် ၂၁၅ သိန်း တန်ဖိုး ရှိ  Liquid Oxygen Tank 499 L (1) unit နှင့် Air Hearted Vapari-zer (1) unit ၊ လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ  ကုသရေးစင်တာတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက်     မြန်မာ့အားမာန် စီးပွားရေးလုပ်ငန်းရှင်များအသင်း က    အလှူငွေကျပ်သိန်း  ၁၀၀၊ Royal   Home   Pro  Co,Ltd   မှ မန်နေဂျင်းဒါရိုက်တာ     ဦးအောင် ဘိုဦးက ငွေကျပ်သိန်း ၁၀၀၊ Great  Calio  Construction  Company  Limited မှ ဥက္ကဋ္ဌ  ဦးအောင်ထွေး က ငွေကျပ် သိန်း ၁၀၀၊ ဦးမောင် မောင်တင် မိသားစုက  ငွေကျပ် သိန်း ၁၀၀၊ ကွယ်လွန်သူ ဦးရာ မေ့စ်အား ရည်စူး၍ မိခင် ဒေါ်နီတာ အား အမှူးထားကာ ကိုနီတေ့ရ် (သူရိယဒီပ ကုမ္ပဏီ)က ငွေကျပ် ၃၂၅၀၀၀  တန်ဖိုးရှိ       အဝတ် အခြောက်ခံစက်တစ်လုံး၊တော်ဝင် ချမ်းသာကုမ္ပဏီမိသားစုမှ   (MD) သုဓမ္မမဏိဇောတဓရ     ဦးဌေးဦး (ရန်ကုန်တိုင်းဒေသကြီး   YMBA အသင်း   အလုပ်အမှုဆောင်)  က    ငွေကျပ်       ၃၂၅၀၀၀   တန်ဖိုးရှိ   အဝတ်လျှော်စက်      တစ်လုံး၊ ဦးအောင်ဖြိုးလင်း (Ceberge Co. Ltd)က     ငွေကျပ်   ၂၅၀၀၀၀ တန်ဖိုးရှိ  Flow Meter  နှင့်  ပိုက် ၁၀ စုံ၊ အနောက်ပိုင်းခရိုင် YMBA အသင်းဥက္ကဋ္ဌ      ဦးစန်းဝေက ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Flow Meterနှင့်  ပိုက် ၁၀ စုံ၊  ရန်ကုန် တိုင်းဒေသကြီး    YMBA  အသင်း က  ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Flow Meter နှင့် ပိုက် ၁၀ စုံတို့ကို လည်းကောင်း အသီးသီးပေးအပ် လှူဒါန်းကြရာ   တိုင်းဒေသကြီး နှင့်    ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်   အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က     အသီးသီး   လက်ခံရယူကြ ပြီး    ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ (ဝဲပုံ)
ထို့ပြင်    ဧရာဝတီတိုင်းဒေသ ကြီး    မြောင်းမြမြို့   မြကန်သာ  ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ၊ ပန်းတနော်မြို့ရှိ     အောင်သပြေ ကုမ္ပဏီမိသားစုက လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံနှင့်  အိမ်မဲမြို့ တို့ရှိ     အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုများနှင့် ငပုတော မြို့၌ အောက်ဆီဂျင် ထုတ်လုပ် မည့်စက်ရုံ တည်ဆောက်နေသည့် အခြေအနေများကို     တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။                      သတင်းစဉ်