ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဩဂုတ်   ၂၈


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများအား ပြည်ပမှ စဉ်ဆက်မပြတ်   တင်သွင်းနိုင် ရေးအတွက် ပိတ်ရက်မရှိ   စီစဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက်တွင်    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့်         မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်  ကုန်သွယ်ရေးစခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ကိုးခုမှ ယာဉ်စီးရေ   ၂၂    စီးဖြင့် အောက်ဆီဂျင်(အရည်) (Bowser) ယာဉ်လေးစီးဖြင့်    ၇၄   တန်၊ အောက်ဆီဂျင် (အိုးခွံ)   ၆၂၀၀၊ အောက်ဆီဂျင် Plant ၂၁ ခု၊ Oxy-gen Generator နှစ်ခု၊   အိမ်သုံး Oxygen Concentrator ၇၅၉ ခု၊ PPE ဝတ်စုံ ၂၀၆၃၀၊  လက်အိတ် နှစ်တန်နှင့် နှာခေါင်းစည်း (Mask) ၄၉    တန်   တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်လေးစီးမှာ မန္တလေးမြို့သို့ ဖြစ်ပြီး Oxygen Plant ၂၁ ခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း   သိရှိ ရသည်။
သြဂုတ်လအတွင်း   ယာဉ်စီး ရေ ၁၃၅၉ စီးဖြင့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်ဖြင့် ၁၅၃၁ တန်၊       အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် ၃၆၀၊ အောက်ဆီ ဂျင်ဓာတ်ငွေ့(အိုးဖြင့်)  ၇၄ တန်၊ Storage    Container  ၁၆  ခု၊ အောက်ဆီဂျင်(အရည်)   Distri-butor ကိုးခု၊ အောက်ဆီဂျင်(အိုးခွံ) ခုရေ ၁ ဒသမ ၈ သိန်း၊ Oxygen Plant ၈၂ ခု၊ ဆေးရုံသုံးအောက်ဆီ ဂျင်ဖြည့်စက်သုံးခု၊  Oxygen Ge- nerator ၂၂ ခု၊ အိမ်သုံးအောက်ဆီ ဂျင်စက် (Oxygen Concentrator) ခုရေ ၀ ဒသမ ၉ သိန်း၊    Test Kit ခုရေ ၁ ဒသမ ၉ သိန်း၊ PPE အစုံရေ ၇ ဒသမ ၆ သိန်း၊   လက်အိတ် ၁၀၃   တန်နှင့်    နှာခေါင်းစည်း (Mask) ၁၇၆၁ တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။ 
သြဂုတ်လအတွင်း  ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်စုစုပေါင်း ၆၈ စီးမှာ  ရန်ကုန်မြို့သို့   ၅၄ စီး၊ မန္တလေးမြို့သို့ ငါးစီး၊ နေပြည်တော် သုံးစီး၊ မော်လမြိုင် နှစ်စီး၊   ပဲခူး နှစ်စီး၊ မုံရွာနှင့်သံဖြူဇရပ်တစ်စီးစီ ဖြစ်ကြောင်း သိရှိရသည်။   Oxy-gen Plant   စုစုပေါင်း   ၈၂  ခုမှာ ရန်ကုန်မြို့သို့ ၄၁ ခု၊ မန္တလေးမြို့ သို့ ခုနစ်ခု၊  လားရှိုး လေးခု၊ ပဲခူး လေးခု၊        မြစ်ကြီးနား လေးခု၊ ကျောက်ပန်းတောင်း သုံးခု၊ မုံရွာ နှစ်ခု၊ ပခုက္ကူ နှစ်ခု၊  ဘားအံ နှစ်ခု၊ မော်လမြိုင်၊        တောင်ကြီး၊ နေပြည်တော်၊ မြစ်သား၊ မိုးကောင်း၊ မကွေး၊ မြင်းခြံ၊   ကျောက်တံခါး၊ ဝါးခယ်မ၊ သံဖြူဇရပ်၊ ထားဝယ်၊ ကွမ်းခြံကုန်း၊ စစ်တွေသို့ တစ်ခုစီ ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့် နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့်  SOP   များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိပြီး      ဌာနများ အလိုက် ဆက်သွယ်မေးမြန်းနိုင် သည့်တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန  Web-site ဖြစ်သည့် commerce.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင် ရေး စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်း သိရသည်။  

သတင်းစဉ်