
ရန်ကုန် သြဂုတ် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် စာပေဗိမာန်စာအုပ် အရောင်းဆိုင်နှင့် စာပေဗိမာန် စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ (ယာပုံ)
ထို့နောက် အစည်းအဝေး ခန်းမ၌ စာပေဗိမာန် စာတည်း အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးအား စာပေ ဗိမာန်သမိုင်းကြောင်းနှင့် စာပေဆု ရွေးချယ်ရေး လုပ်ငန်းများကို စာတည်းမှူးချုပ် ဦးတိုးကျော်က ရှင်းလင်းတင်ပြသည်။
ဆွေးနွေးပြောကြား
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြား ရာတွင် မိမိတို့ပြန်ကြားရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ သတင်းမီဒီယာ လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေရသည့် ဝန်ကြီးဌာန တစ်ခုဖြစ်သည့် အတွက် အရေးကြီးသည့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်နေ ကြရသည်ဟု ခံယူထားသင့်ပါ ကြောင်း၊ ပြန်ကြားရေးလုပ်ငန်း များအား ယခင်ကကဲ့သို့ သမား ရိုးကျ လုပ်နည်းလုပ်ဟန်များဖြင့် သာ ဆောင်ရွက်၍ မရတော့ဘဲ ခေတ်ကာလ အချိန်အခါ နှင့် လိုက်လျောညီထွေဖြစ်သည့် လုပ်နည်းလုပ်ဟန်များ၊ ပိုမို သွက်လက် ထက်မြက်သည့် နည်းလမ်းများ၊ ပို၍သစ်လွင် ကောင်းမွန်သည့် နည်းလမ်းများ ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင် အောင် ဆောင်ရွက်ပေးကြရန် လိုကြောင်း။
မီဒီယာနည်းလမ်းဖြင့် ကူညီ
အိမ်စောင့် အစိုးရအနေဖြင့် နိုင်ငံတော်ကို ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ စနစ်တကျ ဆောင်ရွက် နေပါကြောင်း၊ မိမိတို့၏ ပန်းတိုင် သည် စစ်မှန်ပြီး စည်ကမ်းပြည့်ဝ သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးပင်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင် စေရေးအတွက် မိမိတို့အားလုံးက မီဒီယာနည်းလမ်းများဖြင့် ကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ် ကြောင်း။
ဝန်ဆောင်မှုများတိုးမြှင့်
နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်သူများ စာပေဖတ်ရှုလေ့လာ နိုင်ရေးနှင့် စာအုပ်စာပေ ပိုမို ထွန်းကားဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် လမ်း ညွှန်ထားပါကြောင်း၊ ထို့အတူ လူငယ်များ အသိအမြင်မှန်ကန် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လည်း လမ်းညွှန်ထားပါကြောင်း၊ ယနေ့အချိန်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထား ဆောင်ရွက်လိုသည့်အတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတစ်ခုကို တိုးချဲ့ ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ယနေ့ စာပေဗိမာန်က ဆောင်ရွက်နေ သည့် လုပ်ငန်းများတွင် လူငယ် များ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် လုပ်နည်းလုပ်ဟန် များ ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့် စကား အတိုင်း လူငယ်များ ဘဝတိုးတက် ရေးနှင့် အတွေးအခေါ် အယူအဆ မှန်ကန်ရေးကို အားပေးသည့် စာအုပ်စာစောင်များ၊ လူငယ်များ စိတ်ဝင်စားသည့် ဘာသာရပ် များနှင့် အသက်မွေးဝမ်းကျောင်း ကို အထောက်အကူပြုသည့် စာအုပ်စာစောင်များကို ထားရှိ ပေးရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များက ဝန်ဆောင်မှု ပေးရာတွင် သမားရိုးကျစာကြည့် တိုက်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကျေနပ်မနေဘဲ ဒစ်ဂျစ်တယ် နည်းပညာကို အခြေခံသည့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများကို ပြောင်းလဲ၍ ပြည်သူများအား ဝန်ဆောင်မှုတိုးမြှင့်ရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး လိုအပ် ချက်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
သတင်းစဉ်