ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ကိုဗစ် - ၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၂၈


နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံ တစ်ဝန်း  လတ်တလော   ဖြစ်ပွားနေသည့်   ကိုဗစ် - ၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်  ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်ကုသရေးအတွက်     ကျန်းမာရေး ဆိုင်ရာ   အထောက်အကူပြု   ပစ္စည်းများနှင့် အာဟာရဖြည့်အစားအစာများ    ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။


ထိုသို့  ထောက်ပံ့လှူဒါန်းရာတွင်   ယနေ့  နံနက်ပိုင်းတွင်     ရှမ်းပြည်နယ်(တောင်ပိုင်း)       ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့ သာသနာ့ဗိမာန်ဓမ္မာရုံ   ကိုဗစ်-၁၉   ကုသရေး စင်တာ၌   လူနာများအတွက်   လိုအပ်သည့် ဆေးဝါးများ၊ ကိုဗစ်ရောဂါ ကာကွယ်ရေးသုံး    ပစ္စည်းများ၊  ကျန်းမာရေးဆိုင်ရာ  အထောက် အကူပြုပစ္စည်းများနှင့်  အာဟာရဖြည့်  အစား အစာများဖြစ်သည့်  ကြက်ဥ၊ ကွေကာအုပ်နှင့် သောက်ရေသန့်များကို  ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး က    ထောက်ပံ့လှူဒါန်းရာ    ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး    ဦးမြင့်ထွန်းနှင့်    မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင် သိန်းတို့က  လက်ခံရယူကြသည်။


ထို့ပြင် ရှမ်းပြည်နယ် ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်   ထိန်းချုပ်  ကုသရေးကော်မတီ၊  တောင်ကြီး  မြို့နယ်   အား/ကာ သိပ္ပံ  (အေး သာယာ) ကိုဗစ် - ၁၉  ကုသရေး စင်တာများ ကိုလည်း  ထောက်ပံ့လှူဒါန်းကြောင်း  သိရ သည်။                                        

သတင်းစဉ်