တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ နှစ်သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၂၈


ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်   တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။ 


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ    ဝယ်ယူသည့် Sinopharm  အမှတ်တံဆိပ်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး အကြိမ်ရေ  နှစ်သန်းသည်  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   ယနေ့ညနေပိုင်း တွင် ရောက်ရှိရာ  ကာကွယ်ဆေးများကို  ရန်ကုန် တိုင်းဒေသကြီး   ကုသရေး/ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့  ဗဟိုကာကွယ်ဆေး သိုလှောင်ရုံ၌ ထားရှိ သည်။ 


ဩဂုတ် ၂၉  ရက်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ် များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)၏ အကူအညီဖြင့် လေကြောင်း ခရီးမှလည်းကောင်း   အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူလူထုအား အမြန်ဆုံးထိုးနှံသွားမည်ဖြစ်ကြောင်း   သတင်းရရှိ သည်။                                   

သတင်းစဉ်