
နေပြည်တော် ဩဂုတ် ၂၇
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ယနေ့တွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန် ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့် ကြည့်ရမည့်သူ အမျိုးသား ၂၀၅ ဦးနှင့် အမျိုးသမီး ၁၀၇ ဦး စုစုပေါင်း ၃၁၂ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိ မြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုးသား တစ်ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၄၆ ဦး စုစုပေါင်း ၈၉ ဦး ကိုလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး လေးဦး၊ စုစုပေါင်း ၃၇ ဦးကိုလည်းကောင်း လက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်