ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    ဩဂုတ်   ၂၇


နိုင်ငံတော်အတွင်း၌   ကိုဗစ်-၁၉  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့်  အောက်ဆီဂျင် အရည်၊     အောက်ဆီဂျင်ဓာတ်ငွေ့၊    အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများ ပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ   စဉ်ဆက်မပြတ်   တင်သွင်းနိုင်ရေးအတွက်   စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့်  မူဆယ်၊  ချင်းရွှေဟော်၊ ကန်ပိုက် တီး၊ မြဝတီ၊ တာချီလိတ်၊ ထီးခီးကုန်သွယ်ရေးစခန်း ခြောက်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၂၅ ခုမှ ယာဉ်စီးရေ ၅၀ ဖြင့် အောက်ဆီဂျင်(အရည်) Bowser  ယာဉ် လေးစီးဖြင့် ၆၉ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၂၁  တန်၊  အောက်ဆီဂျင်(အိုးခွံ) ၁၃၁၇၃ ခု၊ အောက်ဆီဂျင် Plant   ခုနစ်ခု၊  အိမ်သုံး  Oxygen  Concentrator ၉၁၉ ခု၊ Covid Test Kit ၄၁၀၄  ခု၊  PPE ဝတ်စုံ ၄၈၀၀ နှင့်  နှာခေါင်းစည်း  (Mask)  ၂၅  တန်  တင်သွင်းခဲ့သည်။  အောက်ဆီဂျင်အရည် (Bowser)  ယာဉ်လေးစီး တွင်   မန္တလေးမြို့၊   ပဲခူးမြို့၊    ရန်ကုန်မြို့နှင့်    နေပြည်တော်သို့ဖြစ်ပြီး Oxygen Plant ခုနစ်ခုမှာ ရန်ကုန်မြို့သို့ သုံးခုနှင့် မန္တလေးမြို့သို့ နှစ်ခု၊ မြင်းခြံမြို့နှင့် စစ်တွေမြို့တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉    ကူးစက်ရောဂါ     ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက်         ဌာနများအလိုက်  ဆက်သွယ်မေးမြန်းနိုင်သည့်  တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။ 

သတင်းစဉ်