တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်   ၂၇


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်  (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်  ဆေးနှင့်  ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့်   သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံပေး
ထိုသို့      ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ် (တောင် ပိုင်း) အတွင်းရှိ   မြို့နယ်  ငါးမြို့ နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး      ဘိုးဘွားများနှင့်   ပြည်သူစုစုပေါင်း  ၄၈၂၆  ဦး တို့ကို လည်းကောင်၊  ရှမ်းပြည် နယ်  (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ထေရ်ကြီး ဝါကြီး    ဆရာတော်ကြီး   နှစ်ပါးကိုလည်းကောင်း၊ မွန်ပြည် နယ်အတွင်းရှိ   မြို့နယ် ၁၀ မြို့ နယ်မှ သံဃာတော်များ၊ အသက်    ၆၅  နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊  ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၂၂၅၈ ဦး တို့ကိုလည်းကောင်း၊   ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်နှင့်        မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ သံဃာတော်များ၊   သာသနာ့နွယ်ဝင်   သီလရှင်များ၊ အသက်    ၆၅   နှစ်နှင့်   အထက် သက်ကြီးဘိုးဘွားများ၊  ဌာန ဆိုင်ရာဝန်ထမ်းများနှင့်   ပြည်သူ စုစုပေါင်း    ၁၅၅၀  တို့ကိုလည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး     အတွင်းရှိ   မြို့နယ်  ၁၇ မြို့နယ် အတွင်းမှ      ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊     အသက် ၆၅   နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားမျာ၊    စေတနာ့ဝန်ထမ်း များ၊    ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်      ပြည်သူစုစုပေါင်း ၂၈၆၂ ဦးတို့ကို လည်းကောင်း၊    မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ   ခရိုင်  ငါးခု တို့မှ   ထေရ်ကြီးဝါကြီး    ဆရာ တော်ကြီးများ၊  အသက် ၆၅  နှစ် နှင့်အထက်  သက်ကြီးဘိုးဘွား များနှင့်  ပြည်သူစုစုပေါင်း ၁၂၇၀၈ ဦးတို့ကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ        မြို့နယ် လေးမြို့နယ်မှ      ၆၅   နှစ်နှင့် အထက်    သက်ကြီးဘိုးဘွားများ၊    ဌာနဆိုင်ရာ    ဝန်ထမ်းများနှင့်    ပြည်သူစုစုပေါင်း   ၂၁၃၀    တို့ကို လည်းကောင်း     တပ်မတော် မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး        ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့်   ပူးပေါင်း၍   ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေး      ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
လှူဖွယ်ဝတ္ထု ဆက်ကပ်
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို   သက်ဆိုင်ရာတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာန ချုပ်များမှ     တိုင်းမှူးများနှင့်  တာဝန်ရှိသူများက  သွားရောက်     ကြည့်ရှုအားပေးပြီး  သံဃာတော် များအား   လှူဖွယ်ဝတ္ထုငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး     အထောက်အကူပြု      ပစ္စည်းများ ဆက်ကပ်            လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။    
       

သတင်းစဉ်