ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်    ဩဂုတ်   ၂၇


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်     မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်  ၂၆      ရက်တွင်     ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော် စစ်ဆေးရေးဂိတ်မှ    အမျိုးသား ၁၆၇   ဦး၊   အမျိုးသမီး  ၁၁၂  ဦး စုစုပေါင်း ၂၇၉ ဦး၊ မြန်မာ-တရုတ်  နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ်  နမ့်ဖာဟော်တံတားမှ  အမျိုးသား ၁၀  ဦး၊  အမျိုးသမီး  ခြောက်ဦး စုစုပေါင်း  ၁၆  ဦးနှင့်   မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေး ရေးဂိတ်   ရန်လုံကျိုင်းတံတားမှ အမျိုးသား   သုံးဦး   တို့ကိုလည်း ကောင်း၊  ယနေ့တွင် ကရင်ပြည် နယ်   မြဝတီမြို့   မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၀၄  ဦး၊  အမျိုးသမီး  ၉၇  ဦး၊ စုစုပေါင်း ၂၀၁ ဦးတို့ကိုလည်း ကောင်း အသီးသီးလက်ခံခဲ့သည်။ 
ထိုသို့          လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ    ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီး             ဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို   စနစ်တကျ ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက်  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်        ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့်    ရောဂါပိုးတွေ့ရှိ သူများအား   သက်ဆိုင်ရာနေရာ များတွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ       ချောမွေ့အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။   


    သတင်းစဉ်