
ပြီးခဲ့သည့် ၆ လတာကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေအရပ်ရပ်အား သုံးသပ်ကြည့်ပါက ဒီမိုကရေစီနှင့်ပတ်သက်၍ ဆောင်ရွက် ရန်ရှိသည်များ များစွာရှိသေးသည်ကို သင်ခန်းစာတစ်ခုအနေဖြင့်ရရှိကြောင်း၊ ဒီမိုကရေစီ၏အခြေခံမူနှင့် ကိုက်ညီအောင်လည်း ဖော်ဆောင်ပေးရမည့် လုပ်ငန်းရပ်များရှိကြောင်း၊ အဆိုပါလုပ်ငန်းရပ်များမှာ ဥပဒေ၊ စည်းကမ်းများအား ယခုထက် ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့သွားနေသည့် နိုင်ငံရေးလမ်းကြောင်းသည် ပြည်သူများ၏ ဆန္ဒဖြစ်သော်လည်း နိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီရန်လိုအပ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီတောင်းဆိုမှုများရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိနားလည်သူများ နည်းပါးသည်ကို မှတ်တမ်းမှတ်ရာများအရ လေ့လာသိရှိရကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီတည်ဆောက်မှုကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၀-၈-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)