
နေပြည်တော် ဩဂုတ် ၂၆
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက် လျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် တရားရုံးလမ်းရှိ နေအိမ်သို့ လုံခြုံ ရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ခင်မြတ်သူ (NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) အပါ အဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ငါးဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိခဲ့သူ ထိန်ဝင်း၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၂ ရက် တွင် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် မင်းရဲ ကျော်စွာလမ်း အမှတ်(၃၃၀/ခ) တိုက်ခန်းသို့ သွားရောက်ရှာဖွေ ခဲ့ရာ လက်လုပ်အသံမိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုးမိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး (အသေး) တစ်ထုပ်နှင့် လက်လုပ်မိုင်းပြုလုပ် ရာတွင် အသုံးပြုသော အခြား ဆက်စပ်ပစ္စည်းများ၊ လက်ပံတန်း ဂျီတီအိုင်ကျောင်းသားများ သပိတ် စစ်ကြောင်းစာသားပါ ဗီနိုင်းတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ သည်။
ဆက်စပ်သူများဖြစ်သည့် စံပယ် (မင်္ဂလာဒုံ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ဆေးဘက်ဆိုင်ရာ တာဝန်ခံ)ကို ဩဂုတ် ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်း ရပ်ကွက် မဉ္ဇူသကလမ်း အမှတ် (၁၂၇)၌ လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် ထွန်းထွန်းကို ထောက်ကြန့်မြို့ လမ်းဆုံရပ်ကွက် ပြည်လမ်း အမှတ်(၅၃)၌ လည်း ကောင်း၊ ဥမ္မာခင်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၀)ရပ်ကွက် ထွန်းသီရိ (၁)လမ်း အမှတ်(၅၂၄/က)၌ လည်းကောင်း၊ အေးငြိမ်းမိုးနှင့် အောင်သူထက် တို့ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၈)ရပ်ကွက် ခိုင်ရွှေဝါ လမ်း အမှတ်(၃၂၆)တွင် လည်း ကောင်း၊ ဩဂုတ် ၂၅ ရက်တွင် ခင်စန္ဒာဝင်း (နိုင်ငံလင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဟောင်း၏ဇနီး)ကို အင်းစိန် မြို့နယ် ရွာမအရှေ့ရပ်ကွက် လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်း ထောင် (အင်းစိန်)အနီးတွင် လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ခင်မြတ်သူ(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)သည် ဖြူဖြူသင်း (CRPH အဖွဲ့ဝင်၊ ၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း) ၏ စေခိုင်းချက်အရ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဟောင်းအများစုဖြင့် ဖွဲ့စည်းထား သော CDM Supporting အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ် ပါဝင်ခဲ့ကြောင်း၊ CDM ဝန်ထမ်းများ၏ အချက်အလက် များအား နီနီမေမြင့် (NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)မှတစ်ဆင့် ဖြူဖြူ သင်းထံ ပေးပို့ခဲ့သဖြင့် မတ်လတွင် CDM ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၁၅၀,၀၀၀၊ နေ့စားဝန်ထမ်း တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀ နှုန်း ဖြင့် ဝန်ထမ်း ၄၀၀ အတွက် လည်း ကောင်း၊ မေလမှစတင်၍ တစ်ဦး လျှင် ကျပ် ၅၀,၀၀၀ ဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်း ၁,၀၀၀ အတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ၎င်းငွေ များအား ဖြူဖြူသင်းမှ ပေးပို့ခြင်း ဖြစ်ကြောင်း။
ထို့ပြင် ဖြူဖြူသင်းက PDF များ အတွက် ထောက်ပံ့ရန် ဖြူဖြူခိုင် (နှင်းဆီအပ်ချုပ်ဆိုင်၊ မုဒိတာအိမ်ရာ၊ သမိုင်း) အား ကျပ် ၁,၅၀၀,၀၀၀၊ ခင်စိုးစိုးကြည်(NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း) က ကျော့မေအောင်ထံ ကျပ် ၃၀၀,၀၀၀ ကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ထိန်ဝင်း (ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြန်ကြားရေးအဖွဲ့ဝင်ဟောင်း)သည် ဝေဖြိုးဟန် (ရန်ကုန်တိုင်း ဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း) က မင်္ဂလာဒုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့အား ဖွဲ့စည်းရန် တာဝန်ပေးသဖြင့် မင်္ဂလာဒုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယ ခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့ကြောင်း၊ တိုက်ကြီး၊ လှည်းကူး၊ သန်လျင်မြို့တို့တွင် PDF သင်တန်း များ ဖွင့်လှစ်ခဲ့သော ညီညီမင်း နှင့် မင်းမင်း (ခ) ဘစိုင်းတို့ထံ လက်နက်ဝယ်ယူရန်နှင့် PDF များ အတွက် ကျပ် ၆,၅၀၀,၀၀၀ အား ထောက်ပံ့ခဲ့ကြောင်း၊ တိုက်ကြီး မြို့ မင်္ဂလာရပ်ကွက် တရားရုံး လမ်းရှိနေအိမ်တွင် PDF သင်တန်း များဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကြောင်း။
ဖမ်းဆီးရမိသူ အေးမင်းစိုး (မင်္ဂလာဒုံမြို့နယ်၊ PDF ရိက္ခာ တာဝန်ခံ၊ မင်္ဂလာဒုံမြို့နယ်၊ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဟောင်း)သည် ဝေဖြိုးဟန် (ရန်ကုန် တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ၏ စေခိုင်းမှုအရ PDF များ အတွက် ရိက္ခာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လခန့် မှစတင်၍ ခင်စန္ဒာဝင်း(နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေး ဝန်ကြီးဟောင်း၏ဇနီး)က လစဉ် ဆန်နှင့် ဆီများအား PDF အဖွဲ့များ အတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ညီညီမင်း၏ စေခိုင်းမှုကြောင့် သန်လျင်၊ လှည်းကူး၊ တိုက်ကြီးမြို့ တို့ရှိ PDF သင်တန်းများသို့ ရိက္ခာ ပစ္စည်းများ ပေးပို့ခဲ့ကြောင်း၊ တရားခံ ထွန်းထွန်းသည်လည်း KNU နယ်မြေတွင် ရောက်ရှိနေ သော PDF များအတွက် ကျပ် ၁၀,၃၀၀,၀၀၀ ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ NUG နှင့် ဆက်သွယ်၍ CDM ဝန်ထမ်းများအား ငွေကြေး ထောက်ပံ့ခြင်းနှင့် PDF အဖွဲ့များ ထံ ငွေကြေး၊ ရိက္ခာ၊ လက်နက် ခဲယမ်း ထောက်ပံ့ခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် အခြား ဆက်စပ်တရားခံများအား အမြန် ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်း တို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိ ပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားကြပါရန်နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။
သတင်းစဉ်