
ဂျကာတာ ဩဂုတ် ၂၆
အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၈၉၉ ဦးကို ယနေ့ ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၄၃၇၃၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၈၈၉ ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူပေါင်း ၁၃၀၁၈၂ ဦးရှိလာကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါမှ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းသူပေါင်း ၃၀၀၉၉ ဦးရှိသဖြင့် ရောဂါမှ သက်သာလာသူ ၃၆၆၉၉၆၆ ဦးရှိလာကြောင်း သိရသည်။
နိုင်ငံအတွင်းရှိပြည်သူ ၂၀၈ ဒသမ ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ