
နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊ ထီးခီးကုန်သွယ်ရေးစခန်း ခြောက်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၂၅ ခုမှ ယာဉ်စီးရေ ၅၀ ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် လေးစီးဖြင့် ၆၉ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၂၁ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၃၁၇၃ ခု၊ အောက်ဆီဂျင် ထုတ်သည့်စက် ခုနစ်ခု၊ အိမ်သုံး ၉၁၉ ခု၊ COVID Test Kit ၄၁၀၄ ခု၊ တစ်ကိုယ်ရေသုံးကာကွယ်ရေး ဝတ်စုံ ၄၈၀၀ နှင့် နှာခေါင်းစည်း ၂၅ တန် တင်သွင်းခဲ့ သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်လေးစီး မှာ မန္တလေးမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့နှင့် နေပြည်တော် သို့ဖြစ်ပြီး အောက်ဆီဂျင်ထုတ်သည့်စက် ခုနစ်ခုမှာ ရန်ကုန်မြို့သို့ သုံးခုနှင့် မန္တလေးမြို့သို့ နှစ်ခု၊ မြင်းခြံ မြို့နှင့် စစ်တွေမြို့တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်