
နေပြည်တော် ဩဂုတ် ၂၆
တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသ တွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်း ပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။
သွားရောက်ကြည့်ရှု
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မတ္တရာမြို့နယ် ရေနံ့သာငါးလုပ်ငန်းစခန်း သို့ သွားရောက်ကြည့်ရှု၍ (အပေါ်ပုံ)တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင် တမံသို့သွားရောက်၍ ဆည်အတွင်း ရေသိုလှောင်ထားရှိမှု၊ တမံနှင့် ရေထိန်း တံခါးများကြံ့ခိုင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်