မြောက်ဦး ဩဂုတ် ၂၆
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၌ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် ခေတ္တရပ်နားထားသည့် ပုဂ္ဂလိကပိုင် ရွှေပြည်တန်အမြန် ရေယာဉ်သည် ယမန်နေ့နံနက် ၇ နာရီက ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပုံမှန် ပြန်လည်စတင် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက်ကိုဗစ်- ၁၉ ကူးစက် မှုကြောင့် မြောက်ဦး- စစ်တွေသို့ ပြေးဆွဲပေးနေသော ရွှေပြည်တန် အမြန်ရေယာဉ်ကို ခေတ္တရပ်နား ထားရာမှ ယခုအခါ ရခိုင်ပြည်နယ် အတွင်း ရောဂါကူးစက်ပျံ့နှံ့ ကူးစက်ဖြစ်ပွားမှု လျော့နည်း လာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ခရီးသွား ပြည်သူများ စိတ်အေးချမ်းစွာ သွားလာနိုင် ရန်အတွက် ရွှေပြည်တန် အမြန် ရေယာဉ်ကို ပုံမှန်စတင်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)