
ကျိုင်းတုံ ဩဂုတ် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့ ပရဟိတလူငယ်များမှ ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ ခက်ခဲ မှုမရှိစေရေး လိုရင်ယူ ပိုရင်လှူ အစီအစဉ်ကို ယမန်နေ့က ကျိုင်းတုံမြို့ လွယ်မွေလမ်း ပါလျံ မြို့ရိုးတံခါးအနီးတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ အလှူရှင်များ၏ လှူဒါန်းပေးမှုဖြင့် ပရဟိတ လူငယ်များက ကိုဗစ်- ၁၉ ကာလ တွင် ပြည်သူများ ခက်ခဲမှုမရှိစေ ရေးအတွက် နေအိမ်ပြင်ပသို့ ဈေးဝယ် ထွက်လာသူများအား ဟင်းသီးဟင်းရွက်များ အခမဲ့ပေး လှူခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး အဆိုပါ အစီ အစဉ်ကို ဆက်လက်ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံ ပရဟိတလူငယ်များ သည် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အလားတူ ကျိုင်းတုံမြို့ စေတနာရှင် ပြည်သူများ၏ လှူဒါန်းမတည်ပေးမှုဖြင့် ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ ခက်ခဲ မှုမရှိစေရေး ပါလျံဘုန်းတော်ကြီး ကျောင်းအနီး လွယ်မွေလမ်းတွင် လိုရင်ယူ၊ ပိုရင်လှူ အစီအစဉ်များ ကို ကိုဗစ်- ၁၉ ကာကွယ်ရေးနည်း လမ်းများနှင့်အညီ ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)