တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဩဂုတ်   ၂၆


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ     ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ  အပါအဝင် လူမျိုးမရွေး၊              ဘာသာမရွေး အသက် ၆၅ နှစ်နှင့်   အထက် သက်ကြီးဘိုးဘွားများ၊    ဌာန ဆိုင်ရာဝန်ထမ်းများ၊   တိုင်းရင်း သားပြည်သူများနှင့်     အကျဉ်း ထောင်များ၌    ပြစ်ဒဏ်ကျခံနေ သည့်  အကျဉ်းသား၊  အကျဉ်းသူ များအား    ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး     ထိုးနှံနိုင်ရေး အတွက်   ဆေးနှင့်ဆေးပစ္စည်း များကို      တပ်မတော်လေယာဉ် များဖြင့်    သယ်ယူပို့ဆောင်ပေး ခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်      ဥက္ကလာပမြို့နယ် အတွင်းရှိ  သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ  စုစုပေါင်း  ၁၂၀၀   နှင့် အင်းစိန်   ဗဟိုအကျဉ်းထောင်ရှိ  အကျဉ်းသား၊   အကျဉ်းသူနှင့် အချုပ်သား၊ အချုပ်သူ စုစုပေါင်း ၂၄၁၇ ဦးတို့ကို   လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်      ရှစ်မြို့နယ်အတွင်းမှ  ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊  စေတနာ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၁၃၀၉ ဦးတို့ ကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခု တို့မှ     ထေရ်ကြီးဝါကြီး   ဆရာ တော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး         ဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၃၆၉၅ ဦးတို့ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ကျောက်ကြီးမြို့နှင့် မိုးညို မြို့နယ်အတွင်းရှိ  ၆၅   နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၂၅၁ ဦးတို့ကို လည်းကောင်း      တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ  ဆောင်ရွက် ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက  သွားရောက် ကြည့်ရှု    အားပေးခဲ့ကြကြောင်း  သတင်း ရရှိသည်။                  


သတင်းစဉ်