ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၂၆


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်  အရေးတကြီး      လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊  အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက် တီး၊ မြဝတီ၊ တာချီလိတ်၊  ထီးခီး ကုန်သွယ်ရေးစခန်းခြောက်ခုတို့မှ တင်သွင်းရာ၌   ကုမ္ပဏီ ၂၅ ခုမှ ယာဉ်စီးရေ    အစီး ၅၀    ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်လေးစီးဖြင့်     ၆၉  တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့်  ၂၁ တန်၊  အောက်ဆီဂျင်(အိုးခွံ) ၁၃၁၇၃ ခု၊ Oxygen Plant ခုနစ်ခု၊   အိမ်သုံး   Oxygen Concentrator ၉၁၉ ခု၊ Covid Test Kit ၄၁၀၄ ခု၊ PPE ဝတ်စုံ ၄၈၀၀ နှင့် နှာခေါင်း စည်း (Mask) ၂၅ တန်     တင်သွင်း ခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser)   ယာဉ်လေးစီးမှာ   မန္တလေးမြို့၊ ပဲခူးမြို့၊ ရန်ကုန် မြို့နှင့်   နေပြည်တော်သို့ဖြစ်ပြီး Oxygen   Plant   ခုနစ်ခုမှာ  ရန်ကုန်မြို့သို့        သုံးခုနှင့် မန္တလေးမြို့သို့ နှစ်ခု၊  မြင်းခြံမြို့ နှင့်    စစ်တွေမြို့တို့သို့   တစ်ခုစီ ဖြစ်ကြောင်း သိရသည်။


ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့်    ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ်ပါ ကလည်း  သက်ဆိုင်ရာတာဝန်ရှိ သူများထံ တိုက်ရိုက် ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်      မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များ ကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။              

သတင်းစဉ်