
နေပြည်တော် ဩဂုတ် ၂၆
(၂၄)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများ အစည်းအဝေး (DGICM)နှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့ နံနက် ၈ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ (၂၃)ကြိမ်မြောက် DGICM ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက (၂၄)ကြိမ် မြောက် DGICM ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဖိလစ် ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr. Jaime H Morente ထံ DGICM ဥက္ကဋ္ဌ တာဝန် အထိမ်း အမှတ်ရုပ်တုကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် လွှဲပြောင်းပေးအပ်သည်။
ထို့နောက် (၂၄)ကြိမ်မြောက် DGICM ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရိုမှ ညွှန်ကြားရေးမှူးချုပ်က အမှာ စကားပြောကြားပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများက နိုင်ငံအလိုက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ၊ The Master Plan on ASEAN Connectivity (MPAC) ၂၀၂၅ ဆိုင်ရာ ကနဦး ဆောင်ရွက်ချက်များကို ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ က စင်ကာပူနိုင်ငံမှ တာဝန်ယူ ဆောင်ရွက်မည့် (၂၅)ကြိမ်မြောက် DGICM အစည်းအဝေး ကျင်းပ နိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
(၂၄) ကြိမ်မြောက် လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူး ချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ကောင်စစ်ရေးရာအကြီး အကဲများအစည်းအဝေး (DGICM) နှင့်အတူ ဆက်စပ် အစည်းအဝေး များဖြစ်သည့် (၄)ကြိမ်မြောက် အာဆီယံ လူဝင်မှုကြီးကြပ်ရေး အဓိက စစ်ဆေးရေးဂိတ်များ၏ အကြီးအကဲများဖိုရမ် (AMICF)နှင့် (၁၆) ကြိမ်မြောက် အာဆီယံလူဝင် မှုကြီးကြပ်ရေး ထောက်လှမ်းရေးဆိုင်ရာဖိုရမ်(AIIF)၊ (၁၆) ကြိမ် မြောက် DGICM နှင့် ဩစတြေးလျ ဆွေးနွေး ညှိနှိုင်းပွဲတို့ကိုလည်း ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့ ကြောင်း သိရသည်။
သတင်းစဉ်