
ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ ဆဋ္ဌမ အကြိမ် အလှူငွေ ပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များက ကိုဗစ်-၁၉ရောဂါ ကုသရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်း ကော်မတီနာယက ဒုတိယ မြို့တော်ဝန် ဦးညီညီနှင့် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့က လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
လှူဒါန်း
ယနေ့ အလှူငွေပေးအပ်ပွဲသို့ အလှူရှင် ၃၄ ဦးက Oxygen Regulator ဘူး ၅၀၊ ချောင်းဆိုး ပျောက်ဆေး ၁၂ ဘူး၊ Surgical Mask ၂၇ ဘူး၊ KN-95 Mask ၅၀၀၊ ဓာတ်ဆားထုပ် ၁၀၀၊ PPE Level 1 ငါးစုံနှင့် ငွေကျပ် ၁၂၇၇၀၀၀ဝ တို့ကို လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်