ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်တစ်ပြည် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်အိတ် ၂၀၀၀၀ ရောင်းချပေး

 

ပဲခူး   သြဂုတ်   ၂၅


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ အနီးကပ်ကြီးကြပ်ကာ ဩဂုတ် ၂၃ ရက် မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ    စားဝတ်နေရေးအဆင်ပြေစေ ရန်အတွက်  တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် အသီးသီးမှ  အခြေခံစားသောက်ကုန်ဆန်များ ကို ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး  ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။ 


ဒေသထွက်   ဆန်တစ်ပြည်   ပေါက်ဈေး ငွေကျပ် ၁၅၀၀ နှုန်းဖြစ်သော်လည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ     ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့်     တိုင်းဒေသကြီးအတွင်း  ဆန်အိတ်ပေါင်း ၂၀၀၀၀ ကို  ကိုဗစ်-၁၉   စည်းကမ်းချက်နှင့်အညီ   ရပ်ကွက်/  ကျေးရွာများအတွင်း လှည့်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရ သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူး၊ တောင်ငူ၊   ပြည်၊  သာယာဝတီခရိုင်အတွင်းရှိ  မြို့နယ် ၂၈ မြို့နယ်တွင်   အခြေခံစားကုန်များဖြစ်သည့်  ဆီနှင့်   ကြက်သွန်၊   ငရုတ်သီးများကို လည်း  ဈေးနှုန်းသက်သာစွာဖြင့်   ရောင်းချပေးရန်    စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                

  တိုင်းဒေသကြီး(ပြန်/ဆက်)